The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

      

 ၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၆ ) ရက်

                        ဧရာဝတီမြစ်၏ ရေအရင်းအမြစ်ကိုအသုံးပြုပြီး စိုက်ပျိုးရေပေးဝေရေးနှင့် မြစ်ကြောင်းသွားလာမှု ပိုမိုမြန်ဆန်စေရေးတို့အတွက် ဧရာဝတီမြစ်ကြောင်းဆိုင်ရာ အချက် အလက်များနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီနာယက  ဦးမော်သာထွေး၊ ဥက္ကဋ္ဌ ဦးစန်းဝေနှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အမှာစကား ပြောကြားရာ၌ ဧရာဝတီမြစ်၏ရေအရင်းအမြစ်ကိုအသုံးပြု၍ စိုက်ပျိုးရေရရှိရေးနှင့် မြစ်ကြောင်း သွားလာမှုပိုမိုလွယ်ကူ လျင်မြန်စေရေးတို့အတွက် ဧရာဝတီမြစ်ကြောင်းဆိုင်ရာအား လေ့လာထားရှိမှုများအရ ရေလမ်းကြောင်းသွားလာမှုအခြေအနေ၊ ရေမျက်နှာပြင်အနိမ့် အမြင့်ကွာခြားမှု၊ ရေအတိမ်အနက်၊ ရေစီးနှုန်း၊ မြစ်ရေထုထည်စီးနှုန်း၊ သဲနုန်းပို့ချမှုနှင့် လျှောစောက်ပြေပြစ်မှုအခြေအနေတို့နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာများအား တက်ရောက် လာကြသည့်ပညာရှင်များမှ အကြံပြုဆွေးနွေးပေးရန် ပြောကြားခဲ့ပါသည်။

            ၎င်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ရာ ဧရာဝတီမြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှုအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဝန်းကျင်အပေါ် သက်ရောက်နိုင်မည့်အခြေအနေနှင့် နိုင်ငံတကာအတွေ့အကြုံရှိသည့် အတိုင်ပင်ခံအင်ဂျင်နီယာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်တွင် ပြတ်ရွေ့ရှင်များတည်ရှိသောကြောင့် မြေငလျင်ဆိုင်ရာ လေ့လာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဧရာဝတီမြစ်သည်မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်ပြီး နှစ်စဉ်သဲနုန်းအနည်ပို့ချမှုများသောကြောင့် သဲသောင်ထွန်းမှုများ ဖြစ်ပေါ်သဖြင့် မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းနှင့်  သဲနုန်းအနည်ပို့ချမှုများကို စနစ်တကျစီမံ ခန့်ခွဲရန်အတွက် အသေးစိတ်လေ့လာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဲနုန်းပို့ချမှုကြောင့် မြစ်ကြမ်းပြင်အထူမြင့်တက်လာပါက ရေမျက်နှာပြင် မြင့်တက်လာမည်ဖြစ်ပြီး မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်သည့်အတွက် ရေအမြင့်(၁)ပေမြင့်တက်လျှင် မြစ်အထက်ပိုင်း၌ ရေကြောင်းအလျား(၃)မိုင်ခန့် ရေထောက်နိုင်ခြေရှိပါကြောင်း၊ ရေမျက်နှာပြင် မြင့်တက်သဖြင့် ရေလွှမ်းဧရိယာဖြစ်ပေါ်နိုင်မည့် အခြေအနေများလည်းရှိနိုင်ပါသဖြင့် အဆိုပါအခြေအနေ များကို ပြေလည်နိုင်စေမည့် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်စူးစမ်းလေ့လာမှုများ ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့ အပေါ် အသေးစိတ်လေ့လာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သွား ရာတွင်လည်း ကွင်းဆင်းလေ့လာခြင်း(Reconnaissance Study)၊ အကြိုဖြစ်မြောက် နိုင်စွမ်းလေ့လာခြင်း (Pre-feasibility Study)၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း (Feasibility Study)၊ အသေးစိတ်ဒီဇိုင်းပုံစံတွက်ချက်ခြင်း (Detail Design)၊ စီမံကိန်းခန့်မှန်းကုန်ကျ စရိတ်တွက်ချက်ခြင်း (Project Cost Estimation)၊ ဘဏ္ဍာရေးဆိုင်ရာဆန်းစစ်ချက်(Financial Analysis)နှင့် စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှုများကို အဆင့်ဆင့်လေ့လာဆောင်ရွက် သွားရန် လိုအပ်သည့်အခြေအနေများနှင့် ဧရာဝတီမြစ်ကြောင်းအား ထိန်းသိမ်းမှုဆောင်ရွက် မှသာလျင် မြစ်ဝကျွန်းပေါ်ဒေသ ရေငန်ဝင်ရောက်မှုနှင့် စိုက်ပျိုးမြေဧရိယာလျော့နည်းလာမှု တို့ကို ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်းတို့အား ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
06-Jun-2023