၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၉ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၏ မြောက်ဘက်(၅)မိုင်ခန့်အကွာရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း စီးဆင်းမှုအခြေအနေ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနည်ပို့ချနှုန်းနှင့် သောင်ထွန်း နေမှုအခြေအနေ၊ မြစ်ကမ်းပါးဝဲ/ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒအခြေအနေ၊ ရေတား တမံများအခြေအနေနှင့် ကမ်းပြိုမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၏ မြောက်ဘက်(၅)မိုင် ခန့်အကွာ ဖောင်ဆိပ်ကျေးရွာနှင့် ကျောက်ရဲကျေးရွာကြားရှိ ဧရာဝတီမြစ်၏ ရေအရင်း အမြစ်နေရာသို့ရောက်ရှိရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက မြစ်ပြင်အကျယ်၊ ရေစီးနှုန်း၊ ရေစီးထုထည်၊ မြစ်ရေအနက်၊ တာတမံများဖို့၍ ထိန်းသိမ်းထားမှု၊ မြစ်ကမ်းများ အခြေအနေနှင့် ပင်လယ်ရေငံရောက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်မှ ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ ဟင်္သာတမြို့အနီးရှိ ဧရာဝတီမြစ်၏ရေလမ်း ကြောင်း၊ ရေမျက်နှာပြင် အနိမ့်အမြင့်ကွာခြားချက်၊ ရေအတိမ်အနက်နှင့် ယခင်လေ့လာ ဆန်းစစ်ခဲ့သော ဧရာဝတီမြစ်နေရာများနှင့် နှိုင်းယှဉ်လေ့လာတွေ့ရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေရာ(၅)နေရာတွင် အခြေအနေများအား ကြည့်ရှုခဲ့ပြီးဖြစ်သည့်အတွက် အကြိုစူးစမ်း လေ့လာမှုများဆောင်ရွက်ရန် သင့်လျော်သည့်နေရာများတွင် ဧရာဝတီမြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်နိုင်မှုများအပေါ်အခြေခံ၍ အသေးစိတ်စူးစမ်းလေ့လာမှုများကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှု၊ မြစ်ကမ်းပါးရေတိုက်စားမှု၊ ရေတားတမံ များအပေါ် အကြိုးသက်ရောက်မှုများအပြင် မြစ်အတွင်း သွားလာလျက်ရှိသည့် ရေယာဉ် များ၏အရွယ်အစား၊ အမျိုးအစား၊ ရေယာဉ်အရေအတွက် စသည့် အချက်အလက်များ ကိုပါ စဉ်ဆက်မပြတ်လေ့လာ သွားရမည်ဖြစ်ကြောင်းတို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်လှေဖြင့် ဧရာဝတီမြစ်အတွင်း လှည့်လည်ပြီး ဧရာဝတီမြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊ မြစ်ကြောင်းအတွင်း အနည်ပို့ချ နှုန်းနှင့် သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါးဝဲ/ယာရှိ ဘူမိဗေဒအခြေ အနေတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။