The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်ချက်

 

၁။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပင်မဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများ တည်ဆောက်၍ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

၂။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ခဲ့ သည့် မဟာဓာတ်အားလိုင်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မြို့ပြဧရိယာပြင်ပရှိ တည်ဆောက်ပြီး မဟာ ဓာတ်အားလိုင်းများ၏ ဗို့အားအဆင့်အလိုက် လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၇၉/၂၀၂၃) အား ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)အရ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ထားရှိပါ ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည် -        

စဉ်

ဗို့အားအဆင့်

လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ (ပေ)

ဓာတ်အားလိုင်း၏ ဗဟိုမျဉ်းမှ တစ်ဖက်တစ်ချက်သို့ အကျယ်

စုစုပေါင်း

အကျယ်

၁။

၅၀၀ ကေဗွီ (သို့မဟုတ်) ၅၀၀,၀၀၀ ဗို့

၁၀၀ ပေ

၂၀၀ ပေ

၂။

၂၃၀ ကေဗွီ (သို့မဟုတ်) ၂၃၀,၀၀၀ ဗို့

၇၅ ပေ

၁၅၀ ပေ

၃။

၁၃၂ ကေဗွီ (သို့မဟုတ်) ၁၃၂,၀၀၀ ဗို့

၇၅ ပေ

၁၅၀ ပေ

၄။

၆၆ ကေဗွီ (သို့မဟုတ်) ၆၆,၀၀၀ ဗို့

၂၅ ပေ

၅၀ ပေ

 

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
17-Aug-2023