The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ( ၁၈ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြား ရာတွင်  သင်တန်းသား/သင်တန်းသူများကို လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှု လုပ်ငန်းများ၌ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာများဖြစ်သည့် Internet of Things (IOT), Artificial Intelligence (AI), Digital Substation နည်းပညာများကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရမှုနည်းပါးခြင်း စသည့်  ထိရောက်သော စွမ်းဆောင်ရည်များ ရရှိနိုင်မည့် AIS, GIS, Mixed Technology Switchgear (MTS), Unmanned နည်းပညာသုံး ဓာတ်အားပေးစက်ရုံနှင့် ပင်မဓာတ်အားခွဲရုံ Design များ ရေးဆွဲတတ်စေရန်၊ လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် Brainstorming Technique ဖြင့် သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများစီမံခန့်ခွဲခြင်း၊ စာရင်းစစ်ဆေးခြင်း လုပ်ငန်းများနှင့်  ပစ္စည်းစီမံရေးဆိုင်ရာများကို ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Data Baseနှင့် ဆက်သွယ်ရေးနည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာ ဖတ်ရှုမှုစနစ်၊ ဓာတ်အားကွပ်ကဲ/ထိန်းသိမ်း/မောင်းနှင်စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုး တိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး၊ Losses ကျဆင်းရေး၊ ဓာတ်အား ဖြန့်ဖြူးသည့် Voltage တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသကဲ့သို့ သတ်မှတ်ဓာတ်အားခ နှုန်းထား များအတိုင်း အပြည့်အဝရရှိရေး၊ ဝင်ငွေတိုးတက်ရရှိရေးတို့သည်လည်း အရေးကြီးသည့် အတွက် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပပျောက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ သင်တန်းသားများအနေဖြင့် အင်ဂျင်နီယာဆိုင်ရာ စာပေပညာရပ်များကို တတ်ကျွမ်း နားလည်စေရန် အမြဲလေ့လာကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ် ကဏ္ဍသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူလေ့လာခဲ့သည့် စာတွေ့/လက်တွေ့သင်ခန်းစာများကို အချင်းချင်းနှီးနှောတိုင်ပင် ဆွေးနွေးပြီး နည်းပညာအသစ်များအား စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်၍ လုပ်ငန်းခွင်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်သွားကြရန်နှင့် လျှပ်စစ်အင်ဂျင်နီယာကောင်း များအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့်  စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မှာကြား လိုသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ကဏ္ဍသည် အဓိကအခန်းကဏ္ဍတွင် ပါဝင် နေပါကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဝန်ကြီးဌာနအနေနှင့် လည်း နိုင်ငံတော်အတွက် အဓိကအခန်းကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ ထို့ကြောင့် ယနေ့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် -  

        ( ၁ )   အင်ဂျင်နီယာဆိုင်ရာ စာပေပညာရပ်များကို တတ်ကျွမ်းနားလည်စေရန် အမြဲ မပြတ်လေ့လာဆည်းပူးကြပါ၊

        ( ၂ )   မိမိတို့ သင်ယူလေ့လာခဲ့သည့် သင်တန်းမှ စာတွေ့လက်တွေ့များကို အချင်းချင်း နှီးနှောတိုင်ပင်ကြပါ၊

        ( ၃ )   လုပ်ငန်းခွင်ဝင်ရောက်သည့်အခါတွင်လည်း နည်းပညာသစ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြပါ၊

        ( ၄ )   ရရှိထားခဲ့သည့် အသိပညာ၊ အတတ်ပညာများနှင့် အတွေ့အကြုံများကို အသုံး ချပြီး လုပ်ငန်းတာဝန်များကို တက်ကြွစွာဆောင်ရွက်ကြပါ၊

        ( ၅ ) လျှပ်စစ်အင်ဂျင်နီယာကောင်းများ၊ စီမံခန့်ခွဲလုပ်ကိုင်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြပါ၊

       ( ၆ )   ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နိုင်ကြသည့် ဝန်ထမ်း

                 ကောင်းများ ဖြစ်ကြပါစေ ကြောင်း နိဂုံးချုပ် ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၃/၂၀၂၃)တွင် ထူးချွန်ဆုရရှိသူ သင်တန်းသားများအား လည်းကောင်း၊ ဒုတိယဝန်ကြီးက အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၃/၂၀၂၃)တွင် ထူးချွန်ဆုရရှိသူ သင်တန်းသားများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တို့က သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများထံ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်း ဆင်းပွဲအပြီးတွင်  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်းနှင့် ထူးချွန်ဆုရရှိသည့် သင်တန်းသား (၆)ဦးအား တွေ့ဆုံ၍ ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

Post under by : ဝန်ကြီးရုံး
18-Aug-2023