The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၉  )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသော စက်ရုံများမှ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် သယ်ဆောင်လာပြီး  နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ နေပြည်တော်-၂ ပင်မဓာတ်အားခွဲရုံတို့အား ယနေ့   နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   အဆိုပါ ခွဲရုံများသို့ ရောက်ရှိစဉ် တာဝန်ရှိသူ အသီးသီးက ခွဲရုံနှင့်ပတ်သက်သော အချက်အလက်များ ၊ လျှပ်စစ်ဓာတ်အား သယ်ဆောင်နိုင်မှု အခြေအနေများ ၊ ဓာတ်အားထုတ်လုပ်သော စက်ရုံများမှ ဝင်ရောက်လာမှုအခြေအနေနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို အသီးသီး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌  ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများတွင် အဓိကကျသည့် ခွဲရုံဖြစ်သည့်အားလျော်စွာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမဖြစ်စေရေး အဓိကဦးစားပေး အဖြစ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၊ အထူးသဖြင့် လူ၏ချို့ယွင်းချက်ကြောင့် ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ရာတွင် ပစ္စည်းကြောင့်ဖြစ်ပါက ချက်ချင်း အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်နိုင် ရေးအတွက် ချို့ယွင်းမှုများသည့် အရံပစ္စည်းများကို ခွဲရုံသို့ ကြိုတင်စုဆောင်း ပို့ဆောင်ထားရှိရန်နှင့် ထိန်းသိမ်းရာတွင်လည်းကောင်း ၊ ထုတ်ပေးရာတွင်လည်းကောင်း လုပ်ထုံးလုပ်နည်းအတိုင်း လယ်ဂျာ စနစ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ၊ လဲလှယ်သည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းအတိုင်း လေလံပစ်ခြင်း ၊ ပယ်ဖျက်ခြင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ၊ လုံခြုံရေးကိုအထူးဂရုပြု၍ ၂၄ နာရီ စောင့်ကြည့်ဆောင်ရွက်ရန်နှင့် ခွဲရုံ/ဌာန၏ လုံခြုံရေးသာမက တစ်ဦးခြင်း၏ လုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၊ ခွဲရုံဝန်ထမ်းများ၏ အခက်အခဲရှိပါက အဆင့်ဆင့် တင်ပြစေရန်နှင့် ဆန္ဒဖော်ထုတ်ပွဲများ လစဉ်ပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးပြုရန်ထုတ်လုပ်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ပိုလျှံ၍ ပြန်လည်ရောင်းချရန် ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ခွဲရုံအဝင်၌ ဝယ်ယူနိုင်ရေး နေ့စဉ်မှတ်တမ်းတင် ထားရှိရန်လိုအပ်ပါကြောင်း ၊ တစ်ဦးခြင်း တပိုင်တနိုင် နေရောင်ခြည်စွမ်းအင်းမှ ဓာတ်အားထုတ်လုပ်လျက်ရှိသည့် Horizon Lake View Hotel နှင့် Park Royal Hotel တို့မှ ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူနိုင်ရေး ဓာတ်အား ဝင်ရောက်လာမှုများကို မှတ်တမ်းတင်ထားရှိရန် လိုအပ်ပါကြောင်း၊ ခွဲရုံများအတွင်းရှိ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများတွင် မြေနေရာအပိုအလျှံများရှိပါက ၄င်းနေရာများတွင် မိသားစုဝင်ငွေတိုးပွားစေရန် အတွက် တပိုင်တနိုင် ရာသီသီးနှံစိုက်ခင်းများကို စိုက်ပျိုးသွားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ သောက်သုံးရေ ဖူလုံစေရေးအတွက် ယခုဘဏ္ဍာရေးနှစ်ပါ ရေရရှိရေးလုပ်ငန်းများကို   သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးနိုင်ရေး  ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ၊ ခွဲရုံ၏ ဓာတ်အားဖြန့်ဝေမှု / လက်ခံမှု အခြေအနေကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရေး တည်ဆောက်ထားရှိသော သတင်းပို့စနစ်ကို အလေးထားလိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်နေသည့် ပင်မဓာတ်အားခွဲရုံများ ဖြစ်သဖြင့် တည်ငြိမ်ပြီး ဗို့အားပြည်ဝစွာဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ၊  ဓာတ်အားပြတ်တောက်မှုနှင့် Line Losses လျော့နည်းကျဆင်းရေး ၊ ခွဲရုံ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်း စစ်ဆေးဆောင်ရွက်ရေး ၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး  ၊ ဓာတ်အားခွဲရုံအတွင်းရှိ ထရန်စဖော်မာများ ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဓာတ်အားထိန်း ချုပ်ခန်းအတွင်း ဓာတ်အားထိန်းချုပ် ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
19-Aug-2023