ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
လျှောက်လွှာခေါ်ယူခြင်း
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တန်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ (စက်မှု)/ (လျှပ်စစ်) (၂၅) နေရာတို့အတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
စဉ် |
ခန့်ထားမည့်ရာထူး |
အနိမ့်ဆုံးရှိရမည့် ပညာအရည်အချင်း |
ခန့်ထားမည့်ဦးရေ |
(က) |
အငယ်တန်းအင်ဂျင်နီယာ-၂ (စက်မှု) |
A.G.T.I(MP/MC/MT) |
အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၃ )ဦး |
( ခ) |
အငယ်တန်းအင်ဂျင်နီယာ-၂ (လျှပ်စစ်) |
A.G.T.I(EP/EC) |
အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး (၅)ဦး |
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ) (၃၀.၉.၂၀၂၃) ရက်နေ့တွင် အသက် (၃၀)နှစ်(ဝန်ထမ်းဖြစ်ပါက (၃၅)နှစ်) ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) နေရာဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်(Dismissal)ခြင်း၊ ရာထူးမှ ထုတ်ပယ် (Removal)ခြင်း ခံရသူများလျှောက်ထားခွင့်မရှိပါ။
၃။ စာမေးပွဲဝင်ကြေးငွေကျပ် (၃၀၀ဝိ/-) (ကျပ် သုံးထောင်တိတိ)ကို နီးစပ်ရာ မြန်မာ့စီးပွားရေး ဘဏ်မှတဆင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ငွေစာရင်းအမှတ် (SEE-11457)သို့ ပေးသွင်းရမည်ဖြစ်ပါသည်။
၄။ လျှောက်လွှာကို (၂၀.၁၀.၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ Website www.moep.gov.mm တွင် ရယူပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရုံးအမှတ် (၂၇)၊ နေပြည်တော်သို့ စာတိုက်မှ အမြန်ချောပို့ဖြင့် ပေးပို့လျှောက်ထားရမည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲပေးပို့ရမည်ဖြစ်ပြီး မိတ္တူတင်ပြ မှုများတွင် မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်ဖြစ်ပါသည် -
(က) ဝင်ကြေးငွေပေးသွင်းသည့် ချလန်မူရင်း၊
( ခ) ဘွဲ့လက်မှတ်/ ဒီပလိုမာအောင်လက်မှတ်(မိတ္တူ)၊
( ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်) အခြေခံပညာအထက်တန်းအောင်လက်မှတ် (မိတ္တူ)၊
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊
( င) လွန်ခဲ့သော (၁)လအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ် ဓာတ်ပုံအပို (၂)ပုံ၊
( စ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မိတ္တူ)နှင့် လွန်ခဲ့သော (၃)လ အတွင်းရယူထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှု ကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်း ထောက်ခံချက်၊
(ဆ) ယခင်ကနိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိဖော်ပြချက်နှင့် ရှိပါက မည်သည့်ဌာနတွင်တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် အလုပ်မှနုတ်ထွက်ခဲ့သည့် အကြောင်းအရာဖော်ပြချက်၊
( ဇ) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် ခန့်ထားခြင်း ခံရပါက ဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်ပါမည်ဟု ကတိဝန်ခံချက်။
၆။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန၊ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတဆင့် ခွင့်ပြုချက်ရယူပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ပြီး ကြိုတင် မိတ္တူ(၁)စောင်ကို (၂၀.၁၀.၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။
၇။ ရေးဖြေစာမေးပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်နှင့် အင်ဂျင်နီယာဘာသာရပ်တို့ကို ဖြေဆိုရမည်။
၈။ ဖြေဆိုခွင့်ရရှိသူ စာရင်းနှင့် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည့် ရက်၊ အချိန်၊ နေရာများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန Website www.moep.gov.mm တွင် ကြေငြာပါမည်။
၉။ ရွေးချယ်ခြင်းခံရပါက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် အနည်းဆုံး (၅)နှစ် တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြု ချုပ်ဆိုရမည်ဖြစ်သည်။ စာချုပ်စည်းကမ်းဖောက်ဖျက် ပါက ငွေကျပ် (၁,၀၀၀,၀၀ဝိ/-) (ကျပ် တစ်ဆယ်သိန်းတိတိ)ကို ပေးလျော်ရမည်ဖြစ်ပါသည်။
၁၀။ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းအချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။
၁၁။ အသေးစိတ်သိရှိလိုပါက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးဌာနသို့ တယ်လီဖုန်းအမှတ် (၀၆၇ - ၈၁၀၄၂၆၇) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း