The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပေါင်းလောင်း)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း(ပေါင်းလောင်း)တွင် ကျင်းပပြုလုပ်သည့်လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို သင်တန်းသား(၂၇)ဦးဖြင့် ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမှာဖြစ်ကြောင်း၊ ယခုသင်တန်းကို လုပ်ငန်းတွင် လက်တွေ့အသုံးချနေရသည့် ဝန်ထမ်းရေးရာနှင့် ငွေစာရင်း ဆိုင်ရာဘာသာရပ်များ၊ ရေအားလျှပ်စစ်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်သဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည့်အထိ စိတ်ပါဝင်စားစွာဖြင့် လေ့လာ သင်ယူသွားကြရန်လိုကြောင်း၊ သင်တန်း၏ရည်ရွယ်ချက်အနေဖြင့် နိုင်ငံ့ဝန်ထမ်းတစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်၊ အသုံးချရမည့် နည်းပညာရပ်၊ လုပ်ဆောင်ရမည့် နည်းလမ်း၊ ရေအားလျှပ်စစ်လုပ်ငန်းများနှင့် သက်ဆိုင်သော ဗဟုသုတ၊ စာတွေ့/ လက်တွေ့အတွေ့အကြုံ လုပ်ငန်းသဘောတရားများကို နားလည်စေနိုင် ရန်နှင့် ဌာန၏ဆောင်ရွက်နေသော လုပ်ငန်းတာဝန်နှင့် သိကောင်းစရာများ၊ ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာ တွင် စနစ်တကျဖြစ်စေရန်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် ငွေစာရင်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေအားလျှပ်စစ်စီမံကိန်းကြီးများနှင့် ဌာနခွဲများ အတွက် အသုံးပြုရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ရှင်းလင်းရွေးယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်း ထုတ်ပေးခြင်း၊ စနစ်တကျရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်းစသည့် သင်ခန်းစာများကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊  သင်တန်းသားများအနေဖြင့် သင်တန်းက သတ်မှတ် ထားသော သင်တန်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်သွားကြရန်နှင့် သင်တန်းကပို့ချ ပေးလိုက်သည့် ဘာသာရပ်များကို စိတ်ပါလက်ပါ သင်ယူမှတ်သား တိုင်ပင်ဆွေးနွေးကြရန်၊ ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီနေထိုင်သွားကြရန်၊ ဝန်ကြီးဌာနအတွက် အားကိုးအားထား ပြုလောက်သည့်အပြင် ဌာန၏လုပ်ငန်းများကိုလည်း တာဝန်သိသိ၊ သစ္စာရှိရှိ ဖြင့်ဆောင်ရွက်သွားကြပြီး မိမိတို့ဝန်ကြီးဌာန၏တာဝန်များကို မျိုးဆက်သစ်တို့အနေဖြင့် လက်ဆင့် ကမ်းအလေးထား တာဝန်ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းကို သင်တန်းသား (၂၇)ဦး ဖြင့် စာတွေ့လက်တွေ့ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။   

Post under by : ဝန်ကြီးရုံး
06-Nov-2023