၂၀၂၄ခုနှစ် ဇန်နဝါရီလ ၆ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြောင်းမြခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေဆုံကြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် မြောင်းမြမြို့ရှိ ၆၆ကေဗွီ ဓာတ်အားခွဲရုံ ၏ လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး သို့ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာက ဘတ်ဂျက်အလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က မိမိတို့လုပ်ငန်းခွင်အတွင်း အစဉ်အမြဲ တိုးတက်မှုရှိအောင်ဆောင်ရွက်ကြရန်၊ ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ် ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ အသစ်တိုးချဲ့တည်ဆောက်မည့် ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများ လျာထားဆောင်ရွက်ရာတွင် မြေပိုင်ဆိုင်မှုရရှိရေး သက်ဆိုင်ရာဌာနများသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်စေလိုကြောင်း၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ပုံမှန်ရှင်းလင်း ခုတ်ထွင်သွားရန်နှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီ ဖြစ်၍ မီးတားလမ်းများပြုလုပ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားကြရန်၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိသတိဖြင့် ဆောင်ရွက် ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ကေဗွီ ပန်းတနော်ပင်မဓာတ်အားခွဲရုံ စီမံကိန်းလျာထားမြေနေရာတွင် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေဆုံကြခဲ့ပြီး ခရိုင်လျှပ်စစ် အင်ဂျင်နီယာက မြောင်းမြခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျ ကဖြည့်စွက်ရှင်းလင်း တင်ပြကာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး တို့က လိုအပ်သည်များ ပေါင်းစပ်မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးက မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိစေရေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးစာများလုံခြုံမှုရှိစေ ရေး စနစ်တကျမှတ်တမ်းရေးသွင်းဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှု ရေးနှင့် ဓာတ်အားခများပုံမှန်ကောက်ခံရရှိရေး အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး၊ ကောက်ခံရငွေများကို စာရင်းတင်ထားရှိရေး သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ် ပါကြောင်းမှာကြားပြီး ရုံးလုပ်ငန်းဆိုင်ရာစာရွက်စာတမ်း မှတ်တမ်းရေးသွင်းထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့ရှိ ၆၆ကေဗွီ ဓာတ်အားခွဲရုံ၏ လက်ရှိ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဆွိယာဒ် (Switch Yard) အတွင်းရှိ ဓာတ်အားလွှတ် ပစ္စည်းများ၏ အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။