The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အတွင်းရှိ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအားလိုက်လံကြည့်ရှုပြီး ဒက္ခိဏသီရိမြို့နယ် ဟော်တယ်ဇုန် အမှတ်(၃)ရှိ ၃၃ကေဗွီ EV Charging Station ဓာတ်အားခွဲရုံအသစ် တည်ဆောက်နေမှုအား သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

   ယခုလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ဓာတ်အားလိုင်းများ ဓာတ်အားခွဲရုံများကြံ့ခိုင်မှုအခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးပြီး EV Charging Station များကို ဓာတ်အားပေးနိုင်ရန်အတွက် ဒက္ခိဏသီရိမြို့နယ် ဟော်တယ်ဇုန်အမှတ်(၃)တွင် အသစ်တည်ဆောက်နေသော ၃၃/၁၁ကေဗွီ, ၂၀အမ်ဗွီအေ EV Charging Station ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိကာ တာဝန်ရှိသူများက  မြို့ပြတည်ဆောက်ရေး လုပ်ငန်းဆိုင်ရာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းတပ်ဆင်တည်ဆောက်မည့် အစီအစဉ်များအား လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများအားစံချိန်စံညွှန်းပြည့်မီစွာဖြင့် အသေးစိတ်အချိန်ဇယားရေးဆွဲကာ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားပြီး အခြားလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
21-Jan-2024