The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၅ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ သို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး Switch Yard (ဆွိစ်ယာဒ်) အတွင်း ထရန်စဖော်မာဝန်အားတိုးချဲ့တပ်ဆင်နေမှုနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဌာနတာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စက်ရုံမှူးနှင့်တာဝန်ရှိသူများက ဓာတ်အားပေးစက်များ၏ အခြေအနေနှင့် ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်တို့ကို ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အားထိန်းချုပ် ခန်းအတွင်းနှင့် Switch Yard (ဆွိစ်ယာဒ်) အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ အဝင်အထွက်အခြေအနေနှင့် ထရန်စဖော်မာဝန်အားတိုးချဲ့တပ်ဆင်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံဧရိယာ သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းလုပ်ငန်းများဆောင်ရွက်ထားရှိရန်၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ လဲလှယ်ပြုပြင်ပြီး ထွက်ရှိ လာမည့်ပစ္စည်းများနှင့် (Spare) အရံပစ္စည်းများကိုလည်း (Store) စတိုတွင် စနစ်တကျမှတ်တမ်းရေးသွင်းပြီး သိုလှောင်သိမ်းဆည်း ထားရှိရန်လိုအပ်ပါကြောင်းနှင့် ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးတားလမ်းများပြုလုပ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Jan-2024