The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၆ ရက်

   ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ၃၃ကေဗွီ စစ္စနို့ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်းလှဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးထားရှိမှုအခြေအနေကိုကြည့်ရှုစစ်ဆေး၍ မကွေးတိုင်း ဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေဆုံပြီး  ဝန်ထမ်းများ ဘဏ္ဏာရေး ဆိုင်ရာ ရုံးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ၃၃/၁၁ကေဗွီ , ၅အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဒုတိယဝန်ကြီးက ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ စက်ခလုတ် နှိပ်ဖွင့်၍ အဆိုပါဓာတ်အားခွဲရုံမှ ကျေးရွာ(၆)ရွာသို့ လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးကာ ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားသုံးစွဲ နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပြီး Switch Yard (ဆွိစ်ယာဒ်)အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွတ်ပစ္စည်းများ၏ အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပါသည်။

   အဲဒီနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ၃၃/၁၁ကေဗွီ, ၅အမ်ဗွီအေ မင်းလှဓာတ်အားခွဲရုံသို့သွားရောက်ကာ ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ပြီး မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး ၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံဆိုင်ရာ စမ်းသပ်ပြုပြင်သည့် ပစ္စည်းကိရိယာများနှင့် ဧည့်ရိပ်သာတည်ဆောက်ပြီးစီးမှုအခြေအနေ၊ ဝန်ထမ်းအိမ်ရာတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ  မကွေးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးမင်းမင်းဦးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်လှိုင်ဝင်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ်  ဒုတိယဝန်ကြီးက ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ရုံးစာများလုံခြုံမှုရှိစေရေး စနစ်တကျမှတ်တမ်း ရေးသွင်း ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေး အထူးအလေးထား ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ဓာတ်အားခငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး၊ကောက်ခံရငွေများကိုစာရင်းတင်ထားရှိရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်/သစ်ကိုင်းများ ပုံမှန်ရှင်းလင်း ခုတ်ထွင်သွားရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားကြရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ မိသားစုသဖွယ်စည်းလုံးညီညွှတ်စွာ နေထိုင်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိသတိဖြင့်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည် များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများချီးမြှင့်၍   ဘဏ္ဏာရေးဆိုင်ရာစာရွက် စာတမ်း မှတ်တမ်းရေးသွင်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Jan-2024