The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အထက်ကျိုင်းတောင်း ရေးအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့  ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့သည့်သတင်း

                 

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်      

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ မွန်းလွှဲပိုင်းတွင် ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြုးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့ရှိ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေး ညွှန်ကြားရေးမှူး ရုံးသို့ ရောက်ရှိပြီး အမှတ်(၅) တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေးအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတို့  ရှင်းလင်တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွှဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ နှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးပို့ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ် စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် ဓာတ်အားလွှတ် ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ရာလိုင်းခန်းများအား ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားရန်နှင့် မကြာမီ မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် ဓာတ်အားခွဲရုံဝင်းအတွင်းရှိ မြေနေရာလွတ်များနှင့် ခြံစည်းရိုးတစ်လျှောက်တွင် သီးပင် စားပင်များ၊ နှစ်ရှည်ပင်များနှင့် အရိပ်ရလေကာပင်များအား စနစ်တကျစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းအောင် ပြုစုပျိုးထောင်သွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ အမှတ်(၅) တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက အမှတ်(၅)တည်ဆောက်ရေးမှ တည်ဆောက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေးအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များ၊  စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ အမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင် အသုံးပြုမည့် စက်ပစ္စည်းများအား စံချိန်စံညွှန်းပြည့်မီရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အထူးအလေးထား၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ရရှိသုံးစွဲနိုင်စေရေးအတွက် စီမံကိန်းအား ဆောလျင်စွာပြီးစီးရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်း၍ အားသွန်ခွန်စိုက် တွန်းအားပေး ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ နွေရာသီကာလ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများအား စနစ်တကျ ထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ၏ အခက်အခဲများ လွတ်လပ်စွာတင်ပြနိုင်ရေး တွေ့ဆုံပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများ လစဉ်ပြုလုပ် ၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းတို့အား မှာကြား ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၅)တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိထားသင့်သည့်အချက်အလက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Apr-2024