၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနရှိ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ ၊ စီမံကိန်းမန်နေဂျာရုံး များ၏ စီမံကိန်းလုပ်ငန်းများနှင့် အုပ်ချုပ်မှုလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သော ဒီဇယ်ဆီ (ပရီမီယမ်)(၄၂,၆၀၀)ဂါလံအား တင်ဒါအမှတ်-39(T)/DPTSC(PTP)/2024-2025(မြန်မာကျပ်ငွေ) ဖြင့် တင်ဒါခေါ်ဆိုဝယ်ယူလိုပါသည်။