The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇွန်လ ၇ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့ တွင် တာဝန်ရှိသူများနှင့်အတူ  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တ‌လေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာပစ္စည်းများ လက်ခံ/ထားသိုထိန်းသိမ်းမှု/ ထုတ်ပေးမှုနှင့် စာရင်းဇယားထားရှိမှု၊ တပ်ဆင်ရေးလုပ်ငန်းလုပ်ဆောင်နေသည့် ဓာတ်အားကွပ်ကဲရေးဌာန(မန္တလေး) အဆောက်အဦ၊ တံခွန်တိုင်နှင့် မြောက်ပြင်ပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားပို့လွှတ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ စီမံကိန်းမန်နေဂျာ ရုံး(၃)မန္တလေးတွင် ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အောင်မြေသာစံမြို့နယ်လျှပ်စစ်မန်နေဂျာရုံး နှင့် မန္တ‌လေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)ရှိ Call Center တွင် ဓာတ်အားဖြန့်ဖြူးမှု ကြီးကြပ်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးရှိ ၁၃၂ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ  သက်ဆိုင်ရာ ပစ္စည်းစီမံရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားပို့လွှတ်/ ဖြန့်ဖြူးရေးအတွက် ဝယ်ယူဖြည့်တင်းသောပစ္စည်းများအား အလေအလွင့်မရှိအောင် စနစ်တကျထားသို ထိန်းသိမ်း/ သုံးစွဲ သွားရ မည်ဖြစ်ပါကြောင်း၊ နှစ်စဉ်ဆောင်ရွက်မည့်လုပ်ငန်းများအရ ပစ္စည်းလိုအပ်ချက်ကို လက်ကျန်စာရင်းများဖြင့် စိစစ်ပြီး စနစ်တကျဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲခြင်းဖြင့် နိုင်ငံဘဏ္ဍာချွေတာရာ ရောက်ပါကြောင်း၊ ထို့ကြောင့်ပစ္စည်းများ ရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန်စာရင်းများကိုစနစ်တကျ စာရင်းပြုစုပြီး လစဉ် ပြုစုတင်ပြကြရန်လိုပါကြောင်း၊ ဖြန့်ဖြူးရေးလုပ်ငန်းများတွင် သက်တမ်းလွန်သုံးစွဲခဲ့ပြီး လဲလှယ်ထွက်ရှိ ပစ္စည်းများအားလုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်ဆောင်ရွက်ကြရန်၊  ပင်မဓာတ်အားခွဲရုံနှင့် ပစ္စည်း ဂိုဒေါင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး မီးချိတ်/ မီးကဒ်များပြုလုပ်ထားရှိရန်၊ နှစ်ချုပ်လက်ကျန် စာရင်းကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲထားသောပစ္စည်းများအား အချိန်မီ စာရင်းဖြောင့် ရှင်းလင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညိှနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ မြေပြင်ရှိပစ္စည်းများထိန်းသိမ်းထားသိုမှုအခြေအနေနှင့် တပ်ဆင်ရေးလုပ်ငန်းလုပ်ဆောင်နေသည့် ဓာတ်အားကွပ်ကဲရေးဌာန(မန္တလေး) အဆောက်အဦတို့အား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ၂၃၀ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက  ဓာတ်အားပို့လွှတ်ပေးနေမှု အခြေအနေအား ရှင်းလင်တင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard(ဆွိယာဒ်)အတွင်း ဓာတ်အားလွှတ်ပစ္စည်းမျာ၏ အခြေနေတို့အား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ပြီး စီမံကိန်းမန်နေဂျာရုံး(၃) မန္တလေးတွင် ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စီမံကိန်းမန်နေဂျာက ၂၀၂၄-၂၀၂၅ ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ရောက်ရှိပြီး ပြည်သူများလစဉ်ဓာတ်အားသုံးစွဲမှုအတွက် ဓာတ်အားခ တောင်းခံလွှာများ အချိန်မီဖြန့်ဝေနိုင်ရေး လယ်ဂျာစာရင်းဖြင့် အဆင့်ဆင့်စစ်ဆေးဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ အားပေးမှာကြားခဲ့ပြီး မန္တ‌လေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)ရှိ Call Center မှ ဓာတ်အားဖြန့်ဖြူးမှုကို ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
08-Jun-2024