The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၂၀ )ရက်

   နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီ၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်းဆပ်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စွမ်းအင်နှင့်လျှပ်စစ် ဓာတ်အားဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဉက္ကဋ္ဌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

   အစည်းအဝေးတွင် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဉက္ကဋ္ဌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် က မိမိတို့လုပ်ငန်းဆပ်ကော်မတီကို ပေးအပ်ထားသည့် တာဝန်(၁၈)ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်းတွင် မှီတင်းနေထိုင်ကြ သည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဆပ်ကော်မတီ အနေဖြင့်  နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများအတွက် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ နယ်စပ်ဒေသများဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆပ်ကော်မတီဝင်ဌာနများအနေဖြင့် မိမိတို့လျာထား လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ကာလအတွင်းပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

   ထိုနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက မိမိတို့ ဌာနအလိုက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခွင့်ပြုလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)တွင် တင်ပြဆွေးနွေးရန်အတွက်လိုအပ်သည်များ ကိုအချိန်မီပြုစုတင်ပြပေးစေလိုပါကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်

Post under by : ဝန်ကြီးရုံး
20-Jun-2024