The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၂)ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းလောင်းတမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်း လုပ်ငန်းများအား သတ်မှတ်ချိန်ကာလ အတွင်း ပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း၍ ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ စီမံကိန်းလုပ်ငန်းများအား အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ရေပိုလွှဲတွင် ရေပိုမို စုဆောင်းနိုင်ရန် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့အား  ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

   ပေါင်းလောင်းတမံ ရေပိုလွှဲတွင် အလျား (၁၄၀.၅)မီတာ၊ (၁.၅)မီတာအမြင့် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းအားဖြင့် မူလကန်ရေပြည့် ရေလှောင်ပမာဏ(၅.၄၉)သိန်း ဧကပေမှ (၅.၇၀)သိန်း ဧကပေအထိ ရေလှောင်ပမာဏ (၂၁၀၀၀) ဧကပေခန့် ပိုမိုသိုလှောင်ပြီး မူလ နှစ်စဉ် လျှပ်စစ်ထုတ်လုပ်မှုယူနစ် (၉၁၁) သန်းမှ ယူနစ် (၉၁၉) သန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လျှပ်စစ်ယူနစ် (၈) သန်း ပိုမို ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်၌ စီမံကိန်းလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။  

Post under by : ဝန်ကြီးရုံး
22-Jun-2024