၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီ အချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒုတိယဝန်ကြီး၊ ဦးအေးကျော်တို့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်း အမှတ်အဖြစ် ရတနာတန်းဝင်ကျွန်းပင်များကို စတင်စိုက်ပျိုးပေးကြပြီး ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင် (၁၀၀၃) ပင်၊ ပန်းအိ၊ သပြေဘူတနှင့် စက္ကူပန်း (၂၀၅) ပင်၊ စုစုပေါင်း (၁၂၀၈) ပင်တို့အား သတ်မှတ်နေရာ များတွင် တစ်ပြိုင်တည်း စိုက်ပျိုးကြပြီး စိုက်ပျိုးနေမှုများအား ပြည်ထောင်စုဝန်ကြီးက လှည့်လည် ကြည့်ရှု အားပေးခဲ့ပါသည်။
အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှု အောက်မှ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို စိုက်ပျိုးခဲ့ရာ နှစ်ရှည်သီးနှံပင် (၁၀၂၅၉) ပင်၊ နှစ်ရှည်ပန်းပင် (၁၃၅၇) ပင်၊ အရိပ်ရလေကာပင် (၇၆၈) ပင် စုစုပေါင်း (၁၂၃၈၄) ပင်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။