၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၂၈ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၆၆ကေဗွီ ရပ်စောက် ဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး၍ မွန်းလွဲပိုင်းတွင် အမှတ်(၁)ဇော်ဂျီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ကလောခရိုင် အတွင်းရှိ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၆၆ကေဗွီ ညောင်ရွှေဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ တာဝန်ရှိသူများက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ရုံးစာများလုံခြုံမှုရှိစေရေး စနစ်တကျမှတ်တမ်းရေးသွင်း၍ လုပ်ငန်းများဆောင်ရွက် ရာတွင် လုံခြုံရေး အသိ၊ သတိ ဖြင့်ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ဓာတ်အားသုံးစွဲမှုမှန်ကန်မှုရှိစေရန် မီတာယူနစ်များ လိုဖတ်/ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများမှန်ကန်စွာဖတ်ရှုပြီး မီတာဖတ်မှတ်တမ်း လျှပ်စစ်ပုံစံ(၇၆)တွင် ပြည့်စုံစွာစာရင်းရေးသွင်းရန်၊ လစဉ် လယ်ဂျာချုပ် ပုံစံ(၇) ရေးဆွဲထားရှိရန်၊ ဓာတ်အားခများပုံမှန် ကောက်ခံရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန် ၊ ဓာတ်အားခငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေး နေ့စဉ်ကောက်ခံရရှိငွေစာရင်းနှင့် ဓာတ်အားခ တောင်းခံလွှာလက်ခံဖြတ်ပိုင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်/ပျက်/နှေးမီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေး၍အမြန်ဆုံး အစားထိုးလဲလှယ်တပ်ဆင်ပေးရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ စည်းလုံးညီညွှတ်စွာနေထိုင်ကြရန်နှင့် အခြား လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာနှင့် ၆၆ကေဗွီ ရပ်စောက်ဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၁) ဇော်ဂျီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သို့ရောက်ရှိရာ စက်ရုံမှူးနှင့်တာဝန်ရှိသူများကရေဝင်ရောက်မှုအရ ဓာတ်အားထုတ်လုပ်မောင်းနှင် ပေးနေမှုအခြေအနေနှင့် ဓာတ်အားပေးစက်များပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေဝင်ရောက်မှု အရ ဓာတ်အားပေးစက်များမောင်းနှင်ထုတ်လုပ်ပေးနိုင်ရေး၊ သတ်မှတ်ချက်များအရ ဓာတ်အား ပေးစက်များအကြီးစားပြုပြင်ရန် လိုအပ်ပါက နှစ်အလိုက် ဘတ်ဂျက်ထည့်သွင်းလျာထားပြီး ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားရန်၊ ကျိုင်းခမ်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် ဓာတ်အားများကိုလက်ခံပို့လွှတ်နိုင်ရေး Switch Yard တိုးချဲ့တည်ဆောက်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင် ရာတွင်လည်း လုံခြုံရေး အသိ၊သတိဖြင့် ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေ၊ ရေစုကန်၊ ရေလွှဲတမံနှင့် နှုန်းထိန်းတံခါးတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလောခရိုင်အတွင်းရှိ ညောင်ရွှေမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိ၍ ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ဓာတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေအားရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လစဉ်သတ်မှတ်ရက်အတွင်း မီတာများမှန်ကန်စွာဖတ်ရှု၍ စာရင်းရေးသွင်းကြရန် ၊ မိုးဦးကာလရောက်ရှိလာပြီဖြစ်၍ ဓာတ်အားလိုင်း နှင့်မလွတ်ကင်းသည့် သစ်ပင်/သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ စည်းလုံးညီညွှတ်စွာ နေထိုင် ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ၆၆ကေဗွီ ညောင်ရွှေဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်းရှိ ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးရာ ဓာတ်အားခွဲရုံတွင် မိမိမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို Single Line Diagram ရေးဆွဲ၍လည်းကောင်း ဓာတ်အားခွဲရုံတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို Vinyl ဖြင့်ရေးဆွဲ၍ လည်းကောင်း ချိတ်ဆွဲထားရှိရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အထူး အလေးထားဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။