The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ ဇွန်လ (  ၃၀ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ၁၃၂ကေဗွီ ကလော-တောင်ကြီး အမှတ်(၁) ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွန်းလွဲပိုင်းတွင် တီကျစ်ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံ၏ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ညနေပိုင်းတွင် ကလောမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းအိမ်ရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဇွန်လ ၃၀ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ၆၆ကေဗွီ ပင်းတယဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဇွန်လ ၂၉ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မဟာဓာတ်အားလိုင်းမှူးရုံး (နမ့်စန်)က တာဝန်ယူ ထိန်းသိမ်းသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ၁၃၂ကေဗွီ ကလော-တောင်ကြီး အမှတ်(၁) ဓာတ်အားလိုင်းကြံ့ခိုင်မှုရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေးအတွက် တိုင်အမှတ်(၉၀)နှင့် (၉၁) အကြားတွင် ကြွေသီးထပ်တိုးတပ်ဆင်ခြင်းနှင့် ကြိုးလွန်းဖွာမှုအား ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေး ရာတွင် ဒုတိယဝန်ကြီးက ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး သတ်မှတ်ချိန်အတွင်းပြီးစီးစေရေး ဂရုပြုဆောင်ရွက်ကြရန်၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေး ထိန်းသိမ်းကြံ့ခိုင်ရေး  ပုံမှန်စစ်ဆေး ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး လိုင်းထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား လိုက်လံ ကြည့်ရှုခဲ့ပါသည်။

    မွန်းလွဲပိုင်းတွင် တီကျစ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှုအခြေအနေနှင့် ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်မှုအခြေအနေနှင့် ကျောက်မီးသွေးမိုင်းအတွင်း တူးဖော် ထုတ်လုပ် နေမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလောခရိုင်ရှိ ကလောမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ တာဝန်ရှိသူများက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပြည်သူများထံ ဓာတ်အား ကောက်ခံမှု မှန်ကန်မှုရှိစေရန် မီတာများ လိုဖတ်/ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများ မှန်ကန်စွာဖတ်ရှုမှတ်တမ်းတင်ကြရန် ၊ ဓာတ်အားခများအပြည့်အဝ ကောက်ခံရရှိရေးကို အထူးအလေးထား ဆောင်ရွက်ကြရန် ၊ ဓာတ်အားခငွေများ မသမာမှုမဖြစ်ပေါ်စေရေးအတွက် နေ့စဉ်ကောက်ခံရရှိမှုနှင့် အပ်နှံမှု စာရင်းကွဲလွဲမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးကြရန်နှင့် ရပ်/ပျက်/နှေး မီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေးဖော်ထုတ်၍  ဓာတ်အားခဆုံးရှုံးနစ်နာမှုမဖြစ်စေရေး အစားထိုး လဲလှယ်တပ်ဆင်ပေးရန် ၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများ ပုံမှန်ဆောင်ရွက်ကြရန် ၊ ဝန်ထမ်းများ စည်းလုံးညီညွှတ်စွာ နေထိုင်ကြရန်နှင့် ရုံးဝန်းအတွင်း စိုပြေသာယာလှပရေး၊ သီးပင် စားပင်များ နှစ်ရှည်ပင်များစိုက်ပျိုးကြရေး၊ အခြားလိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်း နေအိမ်များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဇွန်လ ၃၀ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့ရှိ ၆၆ကေဗွီ ပင်းတယဓာတ်အားခွဲရုံသို့ရောက်ရှိကာ ဓာတ်အားခွဲရုံမှူးက မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေအားရှင်းလင်းတင်ပြရာ လိုအပ်သည်များ မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းရှိ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်အတွင်း ဓာတ်အားလွှတ် ပစ္စည်းများ၏ အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ ဓာတ်အားခွဲရုံတွင် ရှိ ဝန်ထမ်းများ လိုက်နာလုပ်ဆောင်နိုင်ရေးအတွက် မိမိမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို Single Line Diagram နှင့် ဓာတ်အားခွဲရုံတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်(SOP) များကို Vinyl ရေးဆွဲ၍ ချိတ်ဆွဲထားရှိရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အထူး အလေးထားဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Jul-2024