၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီ အချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒုတိယဝန်ကြီး၊ ဦးအေးကျော်တို့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်း အမှတ်အဖြစ် ရတနာတန်းဝင်ကျွန်းပင်များကို စတင်စိုက်ပျိုးပေးကြပြီး ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင် (၁၂၂၃) ပင်၊ ပန်းအိ၊ သပြေဘူတနှင့် စက္ကူပန်း (၂၈၇) ပင်၊ စုစုပေါင်း (၁၅၁၀) ပင်တို့အား သတ်မှတ်နေရာ များတွင် တစ်ပြိုင်တည်း စိုက်ပျိုးကြပြီး စိုက်ပျိုးနေမှုများအား ပြည်ထောင်စုဝန်ကြီးက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပထမအကြိမ်စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်း နေမှုအခြေအနေအား ကြည့်ရှုစစ်စေးခဲ့ပါသည်။
အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှု အောက်မှ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ နှစ်ရှည်သီးနှံပင်(၁၀၂၆၉)ပင်၊ နှစ်ရှည် ပန်းပင် (၁၃၆၇)ပင်၊ အရိပ်ရလေကာပင် (၇၇၈)ပင် စုစုပေါင်း (၁၂၄၁၄)ပင်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်၊ နှစ်ရှည်ပန်းပင်၊ အရိပ်ရလေကာပင် စုစုပေါင်း (၁၃၅၉၂)ပင်နှင့် ယခု ဒုတိယအကြိမ်တွင် သစ်ပင်ပေါင်း (၁၃၉၂၄)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ယခုနှစ်တွင် လက်ရှိအချိန်ထိ သစ်ပင်စုစုပေါင်း (၂၇၅၁၆)ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။