The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇူလိုင်လ ၂၇ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇  ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့အတွင်းရှိ ၆၆/၁၁ကေဗွီ, (၂၀)အမ်ဗွီအေ ညောင်ပင်ဈေးဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းစေရန် ယာယီဓာတ်အားဖြတ်တောက်ထားရှိမှု အခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အသုတ်မြို့ရှိ ၂၃၀ကေဗွီ အသုတ်ပင်မဓာတ်အားခွဲရုံရှိ ဆွိယာဒ် အတွင်း ၆၆ကေဗွီ Switch Bay အသစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ဓာတ်အား ချိတ်ဆက်နေမှုနှင့် ဓာတ်အားပို့လွှတ်ပေးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

   ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ရှိ ၆၆/၁၁ကေဗွီ, (၂၀) အမ်ဗွီအေ ညောင်ပင်ဈေးဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက် များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုအချိန် တွင် ဧရာဝတီမြစ်ရေသည် နေ့စဉ်အချိန်နှင့်အမျှ မြင့်တက်လာနေသဖြင့် လျှပ်စစ်အန္တရာယ်ကင်းစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ ဓာတ်အားခွဲရုံရှိ ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်သွားရန်၊ ဆွိယာဒ်အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများသို့ တိရိစ္ဆာန် များမတက်ရောက်နိုင်စေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန်၊ ဓာတ်အားခွဲရုံမြေနေရာအား ဌာနပိုင်အမည်ပေါက်ရရှိစေရေး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အမြန်ဆုံးတင်ပြဆောင်ရွက် သွားရန်၊ ဓာတ်အားခွဲရုံတွင် Single Line Diagram နှင့် ဓာတ်အားခွဲရုံ၌လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (SOP) များကို Vinyl ဖြင့်ရေးဆွဲ၍ ချိတ်ဆွဲထားရှိရန်၊ ဓာတ်အားခွဲရုံ အတွင်းအပြင် သန့်ရှင်းသာယာလှပရေး ဆောင် ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဒေါင့်ကြီးကျေးရွာသို့ ရောက်ရှိရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာနှင့်တာဝန်ရှိသူများက ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းစေရန် ယာယီဓာတ်အားဖြတ်တောက် ဆောင်ရွက်ထားရှိမှုအခြေအနေအားရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်း များ ဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန်၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အသိ၊သတိဖြင့် အသုံးပြုစေရေး အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးကြရန်၊ မြစ်ရေများ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိပါက ဓာတ်အားလိုင်းများ၊ မီတာများနှင့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းထားရှိမှုများကို စနစ်တကျစိစစ် ပြီးမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ အသုတ်မြို့ရှိ ၂၃၀/၆၆ကေဗွီ ၊ ၁၀၀ အမ်ဗွီအေ အသုတ်ပင်မဓာတ်အားခွဲရုံသို့သွားရောက်ကာ ဆွိယာဒ်အတွင်း ၆၆ကေဗွီ Switch Bay အသစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး၍ ဓာတ်အားချိတ်ဆက် ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံမှူးက ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အား ပို့လွှတ်ပေးနေမှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထရန်စဖော်မာဝန်အားကို အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဓာတ်အားခွဲရုံဝန်းရှိ ဓာတ်အားလိုင်းနှင့် လွတ်ကင်းသည့် မြေလွတ်များတွင် သီးပင်စားပင်နှင့် အရိပ်ရ နေကာ၊ လေကာပင်များ စိုက်ပျိုးထားရှိရန်နှင့် အခြားလိုအပ် သည်များ မှာကြားခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
28-Jul-2024