နေပြည်တော်၊ ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ(၄) ရက်
စွန့်လွှတ်စွန့်စားလိုသည့် စိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက် ရှိပါသည်။
ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ယခုလ(၂)ရက် နေ့လည်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ ၊ မေတ္တာအပြည့်ဖြင့် စားသောက် ဖွယ်ရာများကို ရှေ့တန်းမြေသို့ ပေးပို့နိုင်ရေး စိတ်အားထက်သန်စွာဖြင့် စုပေါင်းပြီး ပြင်ဆင် ထုပ်ပိုးဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လ္ဘက်အကြော်စုံ(၅၀၀)ဘူး ၊ ခေါက်ဆွဲခြောက် (၅)ထုပ်တွဲ (၅၀၀)ထုပ် ၊ နန်းမြိုင်ကော်ဖီ(၃၀)ထုပ်ပါ (၅၀၀)ထုပ် ၊ တီးမစ်(၃၀)ထုပ်ပါ (၂၅၀)ထုပ် ၊ ငါးတန်အချိုပေါင်း(၂၀၀)ဂရမ် (၁၀၅)ဘူး ၊ ပဲထောပတ်(၂၀၀)ဂရမ် (၁၇၄)ဘူး ၊ ငါးပိကြော်(၂၀၀)ဂရမ် (၁၆၈)ဘူး ၊ ကြက်အာလူး(၂၀၀)ဂရမ် (၈၃)ဘူး ၊ ငါးနီတူခြောက်ကြော် (၁၂၂)ဘူး ၊ အာဗြဲခြောက်ကြော် (၁၅၀)ဘူး ၊ ဂျူးမြစ်/ပဲပုတ်/မြေပဲကြော် (၃၂)ဘူး ၊ ငံပြာရည်ကြော် (၁၆၆)ဘူး ၊ စုစုပေါင်း အစားအသောက်(၁၂)မျိုးကို ပေးပို့လှူဒါန်းခဲ့ကြပါသည်။
ထို့အပြင် နိုင်ငံတော်လုံခြုံရေး ၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းစစ်မြေပြင်တွင် ရဲရင့်စွာဖြင့် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စိတ်ဓာတ်ခွန်အား ၊ နိုးကြားတက်ကြွစေရန် ကျန်းမာပါစေ ၊ ဘေးအန္တရာယ်ကင်းပါစေ ၊ တရားသောစစ်အောင်မြင်ပါစေ အစရှိသည့် ဆုတောင်းမေတ္တာ စာလွှာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာ(၁၂)မျိုး အတွက် စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၂၀၀,၂၅၀၀) (ကျပ်တစ်ရာ့နှစ်ဆယ်သိန်းနှစ်ထောင့်ငါးရာ တိတိ)ကို ယခုလ(၃)ရက် နေ့လည်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ သွားရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။