The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည့်သတင်း

၂၀၂ ခုနှစ်၊ အောက်တိုဘာ၂၆  ) ရက်

   တရုတ်ပြည်သူ့သမ္မတနိုင်ငံရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့တွင်၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ကွန်ဖရင့်၏ပထမနေ့ နံနက်ပိုင်း အစီအစဉ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

   ထိုသို့ပြောကြားရာတွင် Belt and Road Energy Partnership (BREP) စတင်ခဲ့သည့် လွန်ခဲ့သော ငါးနှစ်အတွင်း BREP အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများ၏ အာရုံစိုက်မှုနှင့် အလေးထားမှုများ ပိုမိုရရှိလာကာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုသို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားလှပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် ကြိုးစားနေသကဲ့သို့ နိုင်ငံတကာ စွမ်းအင်အခင်း အကျင်း၏ တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ အာရှတစ်ဝှမ်း စိမ်းလန်းစိုပြေရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတွင် မြန်မာနိုင်ငံအနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် လျက်ရှိပြီး၊ ဒေသတွင်းနိုင်ငံများအကြား စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အရင်းအမြစ်များကို ထိရောက် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ လာအို၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများတည်ဆောက်နိုင်ရန် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Belt and Road Green Energy Cooperation Action Plan (2024-2029)” ကို အကောင်အထည်ဖော်ရာတွင် BREP အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

   ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration-NEA)၏ ဥက္ကဋ္ဌ Mr. Zhang Jianhua နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ တရုတ်-မြန်မာ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်ရန်များကို ဆွေးနွေးခဲ့ကြပါသည်။

   ထို့အပြင် ကွန်ဖရင့်၏ ဒုတိယနေ့၌ ကျင်းပခဲ့သည့် Smart Energy Sub Forum ဖွင့်ပွဲ အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း United Nations Framework Convention on Climate Change (UNFCCC) ၏ ဆုံးဖြတ်ချက်နှင့် ပါရီသဘောတူညီချက်တို့နှင့်အညီ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် (Nationally Determined Contribution_NDC)ကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်ဖြင့် ဓာတ်အားထုတ် လုပ်ဆဲ(သို့မဟုတ်) စီမံကိန်းအသစ်များတွင်  Green Growth Models နှင့် ESS တို့ အသုံးပြု တည်ဆောက်နိုင်မည့် အခွင့်အလမ်းများစွာ ရှိနေသည့်အတွက် အစိမ်းရောင်စွမ်းအင်သုံးစွဲ သည့် မြန်မာနိုင်ငံ(Myanmar Green) ဖြစ်စေရေး ဆောင်ရွက်ခြင်းမှတဆင့် အစိမ်းရောင် စွမ်းအင်သုံးစွဲသော အာရှ (Asia Green) ဖြစ်စေနိုင်မည်ဖြစ်သည့်အတွက် မိတ်ဖက် အဖွဲ့အစည်းများအား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရေးတွင် BREP အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာ နိုင်ငံတွင် ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးစွမ်းအင် အရင်းအမြစ်များကို ပေါင်းစပ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် NDC ပါ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁၀၅ သန်းကျော် လျှော့ချနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယူနန်ပြည်နယ်ရှိ ၈၀၀ ကေဗွီ DC Converter ဓာတ်အားခွဲရုံ၊ ချင်းတောင်မြို့ရှိ Huadin Qingdao Gas Turbine Engineering Project နှင့် TELD EV Charging Network Center တို့သို့လည်း သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး အောက်တိုဘာလ ၂၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Oct-2024