၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၂၂ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ ဟဲဟိုးမြို့လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုး ဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယခုလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟဲဟိုးမြို့၊ ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုးဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး၊ မြို့လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သေချာစွာဂရုစိုက်ဆောင်ရွက်သွားကြရန်၊ ယခုနှစ်စက်တင်ဘာလမှစတင်၍ ဓာတ်အားခ နှုန်းထားများ တိုးမြှင့်သတ်မှတ်ခဲ့ရာ မီတာသုံးစွဲမှုယူနစ်အတွက် လျှပ်စစ်ဓာတ်အားခများ မှန်ကန်စွာဖြင့်ကောက်ခံနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်သွားကြရန်၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိစေရေး စစ်ဆေးဖော်ထုတ်ဆောင်ရွက်သွားရန်၊ ဓာတ်အားခများအား အလွဲသုံးစားမှုများမရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများအနေဖြင့် ဓာတ်အားခများနေ့စဉ်ကောက်ခံရရှိမှု/အပ်နှံမှုစစ်ဆေးမှတ်တမ်းတင်ရန်နှင့် ဓာတ်အား ပျောက်ဆုံးမှုများလျော့နည်းရေးအတွက် ရပ်/ပျက်/နှေးမီတာများ သေချာစွာစစ်ဆေး လဲလှယ်ရေးဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများစည်းလုံးညီညွှတ်စွာနေထိုင်ကြရန် မှာကြားခဲ့ ပါသည်။
ဆက်လက်၍ မြို့လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ငွေလက်ခံကောင်တာဖွင့်လှစ်၍ ဓာတ်အားခကောက်ခံနေမှုများအား ကွန်ပြူတာစနစ်ဖြင့်ဓာတ်အားခကောက်ခံနေမှု၊ နေ့စဉ် ဓာတ်အားခကောက်ခံငွေများအား စာရင်းများစနစ်တကျဖြည့်သွင်း၍ တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေးဆောင်ရွက်ထားရှိမှု၊ ဓာတ်အားသုံးစွဲသူလယ်ဂျာစာရင်းများဖြည့်သွင်း ထားရှိမှုများအားစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် တာဝန်ရှိသူများက ဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအားရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှုများလျော့နည်းစေရေး ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများစနစ်တကျဆောင်ရွက်သွားကြရန်မှာကြားကာ ဆွိယာဒ်အတွင်း ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများအားကြည့်ရှုစစ်ဆေးခြင်းနှင့် ဟဲဟိုးမြို့လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်း သောကြာနေ့တိုင်း ရုံးဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှု များအားကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။