The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၃၀ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ပဥ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ စခန်းသွင်း လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဓာတ်အား ခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား) အသင်း၊ ဖူဆယ် (အမျိုးသား) အသင်း၊ ဘောလီဘော (အမျိုးသား၊ အမျိုးသမီး)အသင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား)အသင်း၊ ပြေးခုန်ပစ် (အမျိုးသား၊အမျိုးသမီး)နှင့် ဂေါက်သီးရိုက် (အမျိုးသား) အသင်းတို့မှ  အားကစား သမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားကစားအသင်းများအနေဖြင့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် စခန်းသွင်း လေ့ကျင့်ရာတွင် စည်းကမ်းလိုက်နာပြီး အုပ်ချုပ်သူ/ နည်းပြ များ၏ သင်ကြားပြသမှုအတိုင်း စနစ်တကျလေ့ကျင့်သွားကြရန်၊ ကြံ့ခိုင်မှုကောင်းမွန်အောင် ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေး ဂရုစိုက်နေထိုင်သွားရန်နှင့် မိမိတို့ဝန်ကြီးဌာန ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားများ အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ အဆင့်အထိဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ အားကစားစိတ်ဓာတ်တို့ဖြင့် အားကြိုး မာန်တက် ကြိုးစားယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ပြီး ချီးမြှင့်ထောက်ပံ့ငွေများနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ခဲ့ပါသည်။

   ၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘောလီဘော (အမျိုးသား၊အမျိုးသမီး)၊  ပိုက်ကျော်ခြင်း (အမျိုးသား)၊ ပြေးခုန်ပစ် (အမျိုးသား၊အမျိုးသမီး)နှင့် ဂေါက်သီးရိုက် (အမျိုးသား) စသည့် အားကစားနည်း (၆)မျိုးကို အုပ်ချုပ်သူ၊ နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမား ၁၁၃ ဦး ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ နေပြည်တော် အမှတ်(၁) ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံနှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဝဏ္ဏသိဒိ္ဓ အားကစားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံများဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် အားကစားပွဲများ ကျင်းပရာ အဆောက်အအုံများသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် အသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ပြီး စနစ်တကျ တာဝန်ပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဓာတ်အားခွဲရုံများတွင် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့်  ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများမှ အားကစားရုံများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Nov-2024