၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၁ )ရက်
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလီဘောပြိုင်ပွဲ အုပ်စု (စ) အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကိုယ်စားပြု အသင်းတို့ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလီဘောအားကစားရုံ၌ ယှဉ်ပြိုင် ကစားကြပါသည်။
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစား ဝါသနာရှင်များ တစ်ခဲနက်တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။
အုပ်စု(စ) ဒုတိယပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်း ရရှိပါသည်။