The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

၁။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင် မည်ဖြစ်ပါသည်။

၂။    နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉%) ခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ ၄၄၀၀ မဂ္ဂါဝပ်ဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများမှ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း များ ဖျက်ဆီးမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများကြောင့်လည်းကောင်း၊ ဓာတ်ငွေ့ ခွဲတမ်းလျော့နည်းရရှိမှုများအရလည်းကောင်း တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၈ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်ရလျက်ရှိပြီး ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၄၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် နိုင်သဖြင့် လိုအပ်ချက်၏ (၅၅%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။

၃။    ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရေရှည်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေ တို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

                      

        ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Post under by : ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)
21-Dec-2024