နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများ
***************
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် တပ်ဆင်အင်အားအနေဖြင့် ရေအားလျှပ်စစ်စက်ရုံ ၃၀ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၃၂ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၆ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၆၈ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ရုံ၏ တပ်ဆင် စက်အင်အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင် ခြည်သုံးစွမ်းအင်စက်ရုံ ၈ ရုံ၏ တပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်း ဓာတ်အား စနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ တပ်ဆင်စက်အင်အားမှာ ၆၈၇၈ မဂ္ဂါဝပ် အထိရှိပါသည်။ စက်စွမ်းအားပြည့်မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ် ဖြန့်ဖြူး နိုင်မည်ဖြစ်ပါသည်။
၂။ ထိုသို့ထုတ်လုပ်မှုလျော့နည်းရရှိနေသဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၂၀၀) မဂ္ဂါဝပ် ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်လျက် ရှိပါသည်။
၃။ အထက်ပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၄၈ %၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ %၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၅ % အချိုးချ၍ ဓာတ်အားခွဲဝေကာ
၄။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်သောင်းကျန်သူများမှ စုစုပေါင်း (၁၆၂) ကြိမ် ဖျက်စီးခံခဲ့ရသည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း (၇၇) တိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း (၃၈ ) တိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၅၆) တိုင်၊ စုစုပေါင်း ဓာတ်အားပို့လွှတ်လျက်ရှိသည့် တိုင်ပေါင်း (၁၇၁) တိုင်၊ ဓာတ်အားလိုင်းကြိုးနေရာ (၁၃၁) နေရာအား အကြိမ်ကြိမ် ဖျက်စီးခံခဲ့ရသဖြင့် အကြိမ် ကြိမ်သွားရောက်၍ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိ နေစဉ်အတွင်းတွင်လည်း အကြမ်းဖက်သောင်းကျန်သူ များမှ Drop Bomb များနှင့် အကြိမ်ကြိမ် အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် မိုင်းထိမှန်ခြင်း ၄၉ ဦး၊ ဒဏ်ရာရ ၇၅ ဦး၊ သေဆုံး ၃၀ ဦး တို့ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး တာဝါတိုင်နှင့် ကွန်ကရစ်တိုင်ပေါင်း ၁၇၁ တိုင် ပြိုလဲပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
၅။ ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီး ခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရေရှည် တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏ အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေ တို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။