The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရုံးအမှတ်(၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးနေမှု၊ ပြင်ဆင်နေမှု၊ ယာယီရုံးခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ  မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ရုံးအမှတ်(၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးမှုများကို ပြင်ဆင်နေမှုနှင့် ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သည့် ဓာတ်အားခွဲရုံ ဝန်ထမ်းအိမ်ရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)အတွင်းရှိ ရုံး အဆောက်အဦများ ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ယာယီ ရုံးခန်းများဖွင့်လှစ်နိုင်ရေးအတွက် Container Mobile Office ရုံးခန်းများ နေရာချထားဆောင်ရွက် နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရုံးအဆောက်အဦများ ပျက်စီးခဲ့မှုများကို အမြန် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ယာယီရုံးခန်းများ အမြန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ သွားရောက်ပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ မီးဘေးအန္တရာယ် မဖြစ်စေရေး ဂရုပြု ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားခွဲရုံအတွင်းရှိ ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ၂ ခန်းတွဲနှင့် ၄ ခန်းတွဲ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှု စစ်ဆေး၍ အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းအိမ်ရာအခန်းလွတ် များတွင် လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ပြီး ထပ်မံပြောင်းရွှေ့ပေးရန် လိုအပ်သည့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နေရာချထားနိုင်ရေး ဆောင်ရွက် သွားရန်၊ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေစွာ နေထိုင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
08-Apr-2025