The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် သည် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ချို့ယွင်းပျက်စီးနေမှုများအား ဆက်လက်ပြုပြင်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည့်သတင်း

မန္တလေး ၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၈ ရက် နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ၊ စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့ပေါ်ရှိ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃/၁၁ကေဗွီ (၂၀)အမ်ဗွီအေ၊မင်းလမ်း ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီးဖီဒါအလိုက် လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားခွဲရုံအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှု၊ ဓာတ်အားပို့လွှတ်ရေး ဖီဒါ Pannel များ ထပ်မံ ထိခိုက်ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများစစ်ဆေးခြင်း၊၁၁ကေဗွီမင်းလမ်းဖီဒါ(၁)နှင့်(၃)(၂)ထပ်လိုင်း  နေရာပြောင်း ရွှေ့ တည်ဆောက်နေမှု၊ ပါရမီရပ်ကွက်တွင် ၁၁/၀.၄ ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)တိုင်စင် ပြန်လည်တည်ဆောက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဦးဆောင်ညွှန်ကြားရေးမှူး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းနှင့်အတူ ၃၃/၁၁ကေဗွီ (၁၀+၁၀+၅)အမ်ဗွီအေ ပတ္တမြားဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ၃၃/ ၁၁ ကေဗွီ(၁၀)အမ်ဗွီအေ(SEM) ထရန်စဖော်မာအားဓာတ်အားထည့်စမ်းသပ်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးခြင်း ၊ စစ်ကိုင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မီတာဖတ်ချက်များ လယ်ဂျာတွင်ရေးသွင်းမှု၊ ကွန်ပျူတာသို့ မီတာဖတ်ချက်များထည့်သွင်းပြုစုနေမှု တို့ကို ကြည့်ရှုခြင်း၊ဝန်ထမ်းအိမ်ရာ ပျက်စီးမှုများအား စစ်ဆေးပြီး ဝန်ထမ်းများကို အားပေးစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လုပ်ငန်း အဖွဲ့မှ ချင်းစုလမ်းတွင် ၁၁ကေဗွီ ဓာတ်အားလိုင်း ဆွဲသားမှုအား ကြည့်ရှုစစ်ဆေးပြီး ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေ ဇေယျခွဲရုံတွင်  လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည့်ရှုခဲ့ပါသည်။

   ထို့နောက်ညနေ(၁၈:၀၀)နာရီတွင်မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)မှတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။       

Post under by : ဝန်ကြီးရုံး
08-Apr-2025