၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၂) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြင်ဆင်၍ အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်ရန် အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပြီး မိမိတို့၏သက်ဆိုင်ရာရုံးဌာနနေရပ်ဒေသများသို့ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ ကျွမ်းကျင်ဝန်ထမ်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ယာဉ်ရပ်နားကွင်း နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀၀ တိုးဂိတ်အနီးတို့တွင် ပြည်ထောင်စုဝန်ကြီးမှ သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ ချီးမြှင့်ငွေများနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ် ခဲ့မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံ ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားအမြန် ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မတ်လ ၂၉ ရက်နေ့မှစတင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးလိုင်းများနှင့် ပင်မခွဲရုံများ၏ ပျက်စီးမှုများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၄ ဦးဖြင့် ပြင်ဆင်ခဲ့ရာ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်ဓာတ်အားစနစ်(National Grid)ဖြင့် ဓာတ်အားပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပါသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေရှိ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၆၀ ဦးတို့ဖြင့် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင် နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၉၀ ဦးတို့ဖြင့် လည်းကောင်း၊ စစ်ကိုင်းမြို့အတွင်း ပျက်စီးမှုများအား လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၈၀ ဦးတို့ဖြင့် လည်းကောင်း စုစုပေါင်းလျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း (၁၃၃၀)ဦးတို့ဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ အဆိုပါဒေသများတွင် ရာနှုန်းပြည့်နီးပါး ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ပြုပြင်ပြင်ဆင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေဒေသရှိ ဒေသခံ ကျွမ်းကျင်ဝန်ထမ်းများက ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
ထို့သို့ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံများကို အချိန်တိုအတွင်း ပြန်လည်ပြုပြင်ပြင်ဆင်၍ ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး မိမိတို့၏ သက်ဆိုင်ရာရုံးဌာန နေရပ်ဒေသများသို့ ပြန်လည် ထွက်ခွာတော့မည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ကျွမ်းကျင်ဝန်ထမ်း (၁၅၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ ကျွမ်းကျင်ဝန်ထမ်း (၃၂)ဦး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ကျွမ်းကျင် ဝန်ထမ်း (၃၇)ဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်)မှ ကျွမ်းကျင်ဝန်ထမ်း (၃၃)ဦး၊ ကရင်ပြည်နယ်မှ ကျွမ်းကျင်ဝန်ထမ်း (၂၁)ဦး၊ မွန်ပြည်နယ်မှ ကျွမ်းကျင်ဝန်ထမ်း (၃၀)ဦးနှင့် ဧရာဝတီတိုင်း ဒေသကြီးမှ ကျွမ်းကျင်ဝန်ထမ်း(၅၀)တို့အား ရုံးအမှတ်(၂၇) ယာဉ်ရပ်နားကွင်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၀) တိုးဂိတ်အနီးတို့တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ယခုလို မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် လျှပ်စစ် ဆိုင်ရာအခြေခံ အဆောက်အအုံ ပျက်စီးချို့ယွင်းမှုများကို အချိန်တိုအတွင်း ပြန်လည်ပြုပြင် ပြင်ဆင်၍ ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်အောင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက် ခဲ့ကြသော ဝန်ထမ်းများအား အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း အမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ်(၂၇)၌ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကုမ္ပဏီများမှ လာရောက်လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများအား လက်ခံရယူပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအစီအစဉ်ဖြင့် ယာယီနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးထားသော နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများမှ တိုက်ပြိုကျပျက်စီး၍ ပစ္စည်းလုံးဝမရရှိသူ ဝန်ထမ်း (၅၅)ဦးအား ဒုတိယအကြိမ်အဖြစ် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများအား လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။