The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၆) ရက်       

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းယာယီရှင်းလင်းဆောင်တွင် တာဝန် ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်)ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လက်ရှိ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီ အမံများကို ရှင်းလင်းတင်ပြကြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ စီမံကိန်းလျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေး အသိ အမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်နှင့် တပ်ဆင်ပြီးစီးသည့် ထရန်စဖော်မာများနှင့် လျှပ်စစ် ပိုင်းဆိုင်ရာ စက်ပစ္စည်းကိရိယာများအား ငလျင်ဒဏ်သက်ရောက်မှု ရှိ/မရှိ ပညာရှင်အဖွဲ့နှင့် ထပ်မံစစ်ဆေး ဆောင်ရွက်ပြီး အဆောက်အဦ/အုတ်နံရံခြံစည်းရိုးများအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပေးပို့သည့် Standard Operation Procedure (SOP) အတိုင်း လိုက်နာ ဆောင်ရွက်သွားရန်၊ ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ခွဲရုံ၏လစ်လပ် မြေနေရာများတွင် ရာသီသီးနှံ၊ သီးပင် စားပင် အရိပ်ရလေကာပင်နှင့် နှစ်ရှည်ပင်များ မိုးရာသီကာလ စိုက်ပျိုးနိုင်ရေး ကြိုတင်စီစဉ်ထားရှိရန် တို့အား မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများ နှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့ပါသည်။

   ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်)ဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၅   ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Apr-2025