The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့  နေထိုင်နိုင်ရန်အတွက် Container Houses များ တပ်ဆင်တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ မေလ (၂၄) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန်အတွက် Container Houses များ တည်ဆောက် နိုင်ရန် ပစ္စည်းများ ရောက်ရှိမှု၊ တပ်ဆင်တည်ဆောက်နေမှု အခြေအနေကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက  ဗဟိုသင်တန်းကျောင်းဝင်းအတွင်း Container Houses များအား ဦးစီးဌာန၊ လုပ်ငန်းအလိုက် နေရာချထားဆောင်ရွက်သွားမည့် အစီအမံများ၊ Container Houses များ တည်ဆောက်နိုင်ရန် ပစ္စည်းများရောက်ရှိမှု၊ တပ်ဆင် တည်ဆောက်နေမှုနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီ တပ်ဆင်တည်ဆောက် ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပေ(၂၀ x ၂၀) အရွယ်အစားရှိ Container Houses များ တည်ဆောက်နိုင်ရန် ပစ္စည်းများ ရောက်ရှိမှု၊  တပ်ဆင် တည်ဆောက်နေမှု၊ Footing Block များ ဆောင်ရွက်ပြီးစီးမှု၊  ပေ (၂၀ x ၁၂၀ ) အရွယ်အစားရှိ Modular(prefabricated) houses (၂)ထပ် အဆောက်အဦများ တည်ဆောက်နိုင်ရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရေရရှိရေး၊ မီးရရှိရေး၊ မီးဖိုဆောင်နှင့် သန့်စင်ခန်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာ သုံးစွဲနိုင်ရန်နှင့် လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအား တပါးတည်း ဆောင်ရွက်သွား ရန်နှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ယာယီနေထိုင်သည့် ရွက်ဖျင်တဲများမှ တပ်ဆင်တည်ဆောက်ပြီးစီးသည့် Container Houses များအတွင်း အမြန်နေရာချထားနိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

   အလားတူ ပျဉ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံဝင်း အတွင်းတွင်လည်း ဝန်ကြီး ဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစွာဖြင့် လုံခြုံစွာနေထိုင်နိုင်ရန်အတွက် ပေ(၂၀ x ၂၀) အရွယ်အစားရှိ  Container Houses များ တည်ဆောက်နိုင်ရန်အတွက်  စက်ယန္တရားကြီးများဖြင့် မြေနေရာ ပြုပြင်ခြင်း၊ Fo၀ting Block များဆောင်ရွက်ခြင်း၊ Container Houses များ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အမြန်တပ်ဆင် တည်ဆောက် ပြီးစီးရေးနှင့် နေရာချထားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
24-May-2025