The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓာတ်အားသုံးစွဲသူမီးသုံးသူပြည်သူများအား အသိပေးမေတ္တာရပ်ခံပန်ကြားခြင်း

ဓာတ်အားသုံးစွဲသူမီးသုံးသူပြည်သူများအား အသိပေးမေတ္တာရပ်ခံပန်ကြားခြင်း

၁။      ၂၈- ၃ -၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မီးသုံးစွဲသူပြည်သူ များနှင့် ဝန်ထမ်းများ၏ နေအိမ်/ အိမ်ရာများပျက်စီးခဲ့၍ မီးသုံးစွဲသူပြည်သူများနှင့် ဝန်ထမ်းများ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ အဆိုပါနေထိုင်ခဲ့ရမှုများကြောင့် ယခင် နေထိုင်ခဲ့သောနေအိမ်များရှိ မီတာများ၏ နောက်ဆုံးဖတ်ချက်များကို ဖတ်ရှု၍ စနစ်တကျ မှတ်တမ်းတင်ထားခဲ့ပြီး Demand အား ယာယီရပ်ပေးခဲ့ပါသည်။

၂။       ယခုအခါ အချို့မီးသုံးစွဲသူပြည်သူများနှင့် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ နေရာ အသီးသီးတွင် အခြေတကျပြန်လည်နေထိုင်ကြပြီဖြစ်၍ မန္တလေးငလျင်ကြီးကြောင့် နေအိမ်/ အိမ်ရာ များပျက်စီးဆုံးရှုံးမှုအား ထောက်ရှု၍ ဌာနအနေဖြင့် နောက်ဆုံးဖတ်ချက်အား ၂ဖြင့်စား၍ ၃/၂၀၂၅ လနှင့် ၄/၂၀၂၅ လအတွက် ပျှမ်းမျှနှုန်းဖြင့် လအလိုက်အလွှာခွဲ၍ မီးသုံးသူပြည်သူများ အဆင်ပြေ စေရန် ဓာတ်အားခကိုတောင်းခံ ခဲ့ပါသည်။

၃။      အချို့နေရာများတွင် မီးသုံးစွဲသူဦးရေနှင့် မီတာဖတ်စာရေဂ မလုံလောက်မှုများကြောင့် အနည်းငယ် လွဲမှားမှုများလည်း ရှိနိုင်ပါသည်။ ထိုသို့ လွဲမှားမှုများရှိပါက သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများသို့ ဆက်သွယ်ပေးပါရန်နှင့် ဆက်သွယ်လာပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာများမှ ဖြေရှင်း ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၏ ဖုန်းနံပါတ်များအား ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်-

စဉ်

မြို့နယ်အမည်

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအမည်

ဖုန်းနံပါတ်

ဇမ္ဗူသီရိမြို့နယ်

ဦးဝင်းလွင်ရှိန်

၀၉- ၉၇၇ ၇၈၃ ၇၀၉

ဒက္ခိဏသီရိမြို့နယ်

ဦးလင်းကိုကို

၀၉- ၄၅၀ ၅၄၁ ၂၁၁

ပုဗ္ဗသီရိမြို့နယ်

ဦးဇေလတ်မျိုး

၀၉- ၉၇၇ ၇၈၃ ၇၁၂

ဥတ္တရသီရိမြို့နယ်

ဦးထွန်းထွန်းဦး

၀၉- ၈၉၇ ၇၅၅ ၆၆၄

ဇေယျာသီရိမြို့နယ်

ဦးသန်းလှိုင်

၀၉- ၉၇၇ ၇၈၃ ၇၁၃

ပျဉ်းမနားမြို့နယ်

ဦးသက်ထွန်းကျော်

၀၉- ၉၇၇ ၇၈၃ ၇၁၄

တပ်ကုန်းမြို့နယ်

ဦးအောင်ဇော်မျိုး

၀၉- ၉၇၇ ၇၈၃ ၇၁၅

လယ်ဝေးမြို့နယ်

ဦးမြင့်ဌေးဦး

၀၉- ၄၂၃ ၆၆၆ ၉၉၃

အေလာမြို့နယ်

ဦးဖုန်းအောင်ကျော်

၀၉- ၉၆၄ ၂၆၆ ၂၆၃

၁၀

သာဝတ္တိမြို့နယ်

ဦးရှိုင်းပြည့်ကျော်

၀၉- ၄၅၆ ၄၄၅ ၂၅၄

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

Download Link : ESE_(2_7_2025).pdf
02-Jul-2025