The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား ကြည်ရှု့စစ်ဆေးခြင်းနှင့် ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေ အနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး(အရှေ့)ပိုင်းအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏအပေါ် ဓာတ်အားခကို စိစစ်ကောက်ခံနိုင်ရေး၊ ဓာတ်အားခ ကြွေးကျန်များအား စဉ်ဆက်မပြတ်ကောက်ခံနိုင်ရေး၊ မီတာများတပ်ဆင်ရာတွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံချက်ဖြင့်လျှင်မြန်စွာတပ်ဆင်နိုင်ရေး ဆောင်ရွက်ပေးရေး၊ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများအား ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် Safety Tools Equipment များအား စနစ် တကျအသုံးပြု၍ လုပ်ဆောင်ရေး၊ Line Clear  လက်မှတ်များ ရယူဆောင်ရွက်ရာတွင် သက်ဆိုင်ရာဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံတာဝန်ခံများနှင့် စနစ်တကျချိတ်ဆက်၍ ရယူခြင်း၊ပေးခြင်းများလုပ်ဆောင်ရေးမှာကြားခဲ့ပြီး ပဲခူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီတို့မှ ဓာတ်အားခများစနစ် တကျကောက်ခံနိုင်ရန် လယ်ဂျာများစာရင်းသွင်း ဆောင်ရွက်နေမှုအခြေအ‌နေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းများစနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

   ဒုတိယဝန်ကြီးသည် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးချုပ် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းအခြေအနေများအား ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရန်ကုန်မြို့သည် စီးပွားရေးမြို့နှင့် စက်မှုဇုန်လုပ်ငန်းများများစွာရှိနေပြီး လူနေထူထပ်သည့်မြို့ဖြစ်သည့်အတွက် ဓာတ်အားဖြန့်ဖြူးပေးနေမှုများ ဆောင်ရွက်ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ဓာတ်အားသုံးစွဲမှုများပြားသည်နှင့်အမျှ ဓာတ်အားခများ ကောက်ခံရာတွင်လည်း စနစ်တကျဖြင့် ကောက်ယူတောင်းခံနိုင်ရေးလိုအပ်ပါကြောင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများအား အဖွဲ့များဖြင့်ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးမှု များကို လျှပ်စစ်ပုံစံများအထောက်အထားပြုဆောင်ရွက်သွားရန်၊ ငွေကြေးသုံးစွဲမှု အပိုင်း များတွင်လည်း ကော်ပိုရေးရှင်းဖြစ်သည်နှင့်အညီ စနစ်တကျထိရောက်စွာ စိစစ်သုံးစွဲ သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင်  ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။

   ထို့နောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးချုပ်တွင် SCADA System ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများအား စနစ်တကျထိန်းချုပ်ကြပ်မတ်နေမှု၊ AMI Control Center တွင် တရားမဝင်ဓာတ်အား သုံးစွဲနေမှုများအား စစ်ဆေးဖော်ထုတ်နေမှု များအား ကြည့်ရှုစစ်ဆေးခြင်း၊ ဗိုလ်တထောင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအတွင်းရှိ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ 11/6.6 ကေဗွီ သော်မဆင် Indoor ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဓာတ်အားခယူနစ်များအား လယ်ဂျာများ ရေးသွင်းမှုများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ် သည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Jul-2025