The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အား ခွဲရုံနှင့် လှော်ကားသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Switch Yard အတွင်းတွင် တာဝန်ရှိသူများက ၂၃၀ ကေဗွီ လှော်ကား-ဝါးတရာ Double Circuit လိုင်းအသစ်ချိတ်ဆက်ဆောင်ရွက်ရမည့်အခြေအနေများ၊ ၂၃၀ ကေဗွီ လှော်ကား-ကမာနတ်ဓာတ်အားလိုင်းအား Switch Bay ပြောင်းလဲချိတ်ဆက် ဆောင်ရွက် ရမည့်အခြေအနေများအားရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးရာတွင် ဗို့အားတည်ငြိမ်ပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်နိုင်ရေး၊ ဓာတ်အားလိုင်းချိတ်ဆက်ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် သတ်မှတ်ချိန်အတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားနိုင်ရေး မှာကြားခဲ့ပါသည်။

   ထို့နောက် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ ယာယီစက်ရုံမှူးနှင့် MCP Co.ltd ကုမ္ပဏီမှ တာဝန်ရှိသူများက လှော်ကားသဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပို့လွှတ်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ်က သဘာဝ ဓာတ်ငွေ့ရရှိမှုအခြေအနေနှင့် ဓာတ်အားထုတ်လုပ်ပေးနိုင်မှုအခြေအနေများအား ဖြည့်စွက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သဘာဝဓာတ်ငွေ့ရရှိမှုအပေါ်မူတည်၍ ဓာတ်အား ထုတ်လုပ်ပေးရာတွင် ထိရောက်စွာဖြင့် ထုတ်လုပ်ပေးနိုင်ရေးအလေးထားဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ရာများအား ဦးစားပေးအဆင့်ဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်နေထိုင် သွားရေး၊ ဓာတ်အားပေးစက်ရုံဝန်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးသွားနိုင်ရေး၊ ဓာတ်အား ပေးစက်ရုံအဆောက်အဉီနှင့် ဝန်ထမ်းအိမ်ရာများအနီးတဝိုက်လုံခြုံရေးအား မျက်ခြည်မပျက် အလေးထားစောင့်ကြည့်သွားစေရေး၊ ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း စည်းလုံး ညီညွှတ်စွာနေထိုင်နိုင်ရေးမှာကြားကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဓာတ်အားထုတ်လုပ်ထိန်းချုပ်ခန်းအတွင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
15-Jul-2025