The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဒုတိယဝန်ကြီး ဦးအေးကျော် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်း မြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့စက်ရုံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးအခြောက်ခံစက်တည်ဆောက်တပ်ဆင်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေကြည့်ရှုစစ်ဆေးသည့်သတင်း

 

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်

 

            လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်း မြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့စက်ရုံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးအခြောက်ခံစက်တည်ဆောက်တပ်ဆင်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ယခုလ ၂၀ ရက်နေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားထုတ်လုပ်မှုထိန်းချုပ်ခန်းအတွင်းတွင် လက်ရှိ အမှတ်(၂)စက်ဖြင့် ဓာတ်အားထုတ်လုပ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ် ဓာတ်အားပို့လွှတ်ပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားစဉ်ဆက်မပြတ်ထုတ်လွှတ်ပေးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက် များအား သေချာစွာလိုက်နာဆောင်ရွက်စေရေး အလေးထားဆောင်ရွက် သွားကြရန် မှာကြားခဲ့ပြီး တာဘိုင်စက်ခန်းအတွင်း ဓာတ်အားပေးစက်အမှတ်(၁) ပြင်ဆင်နေမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြင်ဆင်ရေးလုပ်ငန်းများ အမြန်ပြီးပြတ်အောင် ဆောင်ရွက် သွားရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေး ကြိုတင်ပြင်ဆင်သွားကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်တပ်ဆင် နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပစ္စည်း ရောက်ရှိမှုအခြေအနေများ၊ စက်ပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းများ ၈၇.၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်တပ်ဆင်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက် တပ်ဆင်စမ်းသပ်မှုလုပ်ငန်းများအား အချိန်ဇယားဖြင့် သတ်မှတ်ဆောင်ရွက်ရေး၊ လုပ်ငန်းစဉ် အဆင့်အလိုက်စမ်းသပ်ရေး ဆောင်ရွက်သွားရန်၊ တပ်ဆင်စမ်းသပ်မှုရည်မှန်းချက် ကာလကို အဆင့်ဆင့်သိရှိအောင်ဆောင်ရွက်ရေး အထူးအလေးထား ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး စက်ရုံအစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

            ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်သို့ရောက်ရှိရာ တာဝန်ရှိသူများက ကျောက်မီးသွေးတူးဖော်ပေးပို့မှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စက်ရုံစက်စွမ်းအားပြည့်လည်ပတ်မည့်အချိန်နှင့် စီမံကိန်းပြီးစီးပြီးနောက် ကျောက်မီးသွေးလိုအပ်အချက်အပေါ် တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့စက်ရုံသို့ တူးဖော် ပေးပို့နိုင်ရေး မှာကြားခဲ့ပါသည်။

         ဒုတိယဝန်ကြီးသည် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိ သူများက ကလောပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများ အားရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံပတ်ဝန်ကျင် သန့်ရှင်းရေးနှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန်၊ ဝန်ထမ်းများစည်းစည်းလုံးလုံးနှင့် ညီညွှတ်စွာနေထိုင် သွားကြရန်၊ ထရန်စဖော်မာနှင့် လိုင်းထိန်းသိမ်းရေးများကို အမြဲမပြတ်စစ်ဆေးစောင့်ကြည့် ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများအားစားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခဲ့ပြီး ဓာတ်အားခွဲရုံ  Control Room နှင့် Switch Yard အတွင်း ဓာတ်အားထိန်းချုပ် ပို့လွှတ်ဖြန့်ဖြူးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

Post under by : ဝန်ကြီးရုံး
22-Sep-2025