The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် ရုရှားနိုင်ငံသို့ထွက်ခွာ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန်အတွက် ယနေ့နေ့လည်ပိုင်းတွင် မန္တလေး အပြည်အပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ယနေ့ ဧပြီလ ၁၂ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါ ပို့ဆောင်နှုတ်ဆက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ လိုက်ပါသွားကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
20-Apr-2026