The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအားဆွေးနွေး

   

   တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့တွင်ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် အတူ  ဧပြီလ  ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် တရုတ်နိုင်ငံပိုင် China Railway Beijing Engineering Group Co., Ltd သို့သွားရောက်ပြီး ကုမ္ပဏီဥက္ကဌနှင့် တာဝန်ရှိသူများ၊ MEIGE Joint Energy Holding Co., Ltd ကုမ္ပဏီဥက္ကဌနှင့် တာဝန်ရှိသူများ၊ Yunnan-Irrawaddy Supply Chain   မှ President နှင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှပ်နှံလိုသည့်အတွက် မေးမြန်းဆွေးနွေးမှုများ၊ မြန်မာနိုင်ငံ၏ သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများတူးဖော်ရန် စိတ်ဝင်စား၍ မေးမြန်းဆွေးနွေးမှု များ၊ ရေနံချက်စက်ရုံတည်ဆောက်၍ ရင်းနှီးမြှပ်နှံရန် မေးမြန်းဆွေးနွေးမှုများ၊ နေရောင်ခြည်  စွမ်းအင်အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ ဆောင်ရွက်လို၍ မေးမြန်းဆွေးနွေးမှုများ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအတွက် ရေနံစိမ်းနှင့် ရေနံထွက် ပစ္စည်းများ တင်သွင်းသည့် Supply Chain တစ်လျှောက် ပူးပေါင်းဆောင်ရွက်လိုသည့် မေးမြန်းဆွေးနွေးမှုများ အပေါ်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြီး  မြေပြင်အခြေ အနေကို လာရောက်ကြည့်ရှု၍ အသေးစိတ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် ဖိတ်ခေါ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
20-Apr-2026