The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား လာရောက်ဂါရဝပြုတွေ့ဆုံ

၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်မှ  ၂၀၂၆ ခုနှစ်၊ ဧပြီလ အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေးဝန်ကြီးမှ လာရောက်၍ ဂါရဝပြုတွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ရေးနှင့် မြန်မာ-ထိုင်းသွယ်တန်းထားသည့်  သဘာဝဓာတ်ငွေ့ပိုက်လိုင်းလမ်း ကြောင်းများ လုံခြုံရေးဆိုင်ရာကိစ္စရပ်အား ဆွေးနွေးခဲ့မှုများအပေါ်  ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်အား ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရေနံ့သာဧည့်ခန်းမတွင် လာရောက်၍ ဂါရဝပြုတွေ့ ဆုံဆွေးနွေးခဲ့ပါသည်။

   တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များ၊ မြန်မာ့ကမ်းလွန်လုပ်ကွက်များ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် အထွက်နှုန်းကျဆင်းနေသည့် ရတနာစီမံကိန်းတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် တွင်းသစ်များ၊ ဖြည့်စွက်တွင်းများ တူးဖော်ရာ တွင်  နည်းပညာဆိုင်ရာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားတိုးမြှင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်နေသည့် လုပ်ကွက် M3 (အောင်သိင်္ခစီမံကိန်း) ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်  မြန်မာ့ရေနက်ကမ်းလွန်တွင် ဆောင်ရွက်နေသည့် အာမခံချက်ကောင်းမွန်သည့်စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံလိုသည့်ကိစ္စရပ်များ၊  ပိုက်လိုင်းများ တစ်လျှောက်လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။  

   အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Limited မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-May-2026