မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေး စက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများအား နိုင်ငံတော်ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်တို့ အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်း ကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် ဓာတ်အားပိတ်၍ အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်မှ စတင်၍ မေလ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ရပ်လုံး၏ (၁၂.၇၉) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
ဓာတ်အားလိုင်း ကြိုးအစားထိုးလဲလှယ်ရန် ကျန်ရှိသည့် ဓာတ်အားလိုင်းအပိုင်းတွင် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် နံနက် ၆ နာရီမှ ဇွန်လ ၇ ရက် ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်၍ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။
ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဉ် လိုအပ်ပါက ဝန်အားထိန်းညှိခြင်း ဆောင်ရွက် မည်ဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ပြည်သူသို့ အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။