ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၇) ၏ ၁၁ ကေဗွီ ဖီဒါ(၉) ဓာတ်အားလိုင်းကို နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအထိ ထိန်းသိမ်း ပြုပြင်ခြင်း ဆောင်ရွက်မည်ဖြစ်သဖြင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဟိုတယ်ဇုန်အား ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ အများပြည်သူများအား ကြိုတင် အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါသည်။