ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၁)မှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ နိုင်ငံခြားရေးဓာတ်အားလိုင်းအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နှင့် ၁၃ ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ သဖြင့် ၁၁ ကေဗွီ နိုင်ငံခြားရေးဓာတ်အားလိုင်းမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ဝန်ကြီးဌာန ရုံးအချို့နှင့် အဖွဲ့အစည်းများအား ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ် ဧရိယာများရှိ အစိုးရရုံးဌာနများနှင့်အဖွဲ့အစည်းများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။