The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

တောင်ကြီးမြို့၊ ၆၆/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ တောင်ကြီးအမှတ် (၃) ဓာတ်အားခွဲရုံအတွင်း လိုအပ်သော ထိန်း/ပြင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်ဆောင်ရွက်ခြင်းအား အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း

   ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ပေါ် ဧရိယာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်၊ ဗို့အားကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ၆၆/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ တောင်ကြီးအမှတ်(၃) ဓာတ်အားခွဲရုံ၏ ၆၆ ကေဗွီ Switch Yard အတွင်းရှိ ဓာတ်အားလက်ခံ စက်ပစ္စည်းများနှင့် ထရန်စဖော်မာချိတ်ဆက်မည့်ပစ္စည်းများ ကြံ့ခိုင်မှု့စစ်ဆေးခြင်းနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်းရှိ ဓာတ်အားလွှတ်စက်ပစ္စည်းများကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် နံနက် (၀၉း၀၀) နာရီမှ ညနေ (၁၄း၀၀) နာရီထိ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ရာ ဓာတ်အားပိတ် လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း တောင်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့အပါအဝင် မြို့ပေါ် ရပ်ကွက်များရှိ မီးသုံးသူ (၁၉၃၄၈) ဦးတို့ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပိတ်ဧရိယာများရှိ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အများပြည်သူများကို ကြိုတင်   ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

05-Jun-2026