ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့အတွင်း ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်း များတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ၃၃ ကေဗွီ တပ်ကုန်း ဓာတ်အားလိုင်း ကို နံနက် ၈ နာရီမှ နေ့လယ် ၁ နာရီအထိ ဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ အစိုးရရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရှိရပါသည်။