The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၃၃ ကေဗွီ အေလာ ဓာတ်အားလိုင်းအား ပြောင်းရွှေ့သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအား အများပြည်သူများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အေလာမြို့၊ ဝက္ကမူကျေးရွာအနီး ရန်ကုန် - မန္တလေး မီးရထားသံလမ်းဘေး (AH1) လမ်းမကြီးရှိ မီးရထားသံလမ်း ခုံးကျော်တံတား တည်ဆောက်ခြင်းနှင့် မလွတ်ကင်းသည့် ၃၃ ကေဗွီ ပျဉ်းမနား - အေလာ ဓာတ်အားလိုင်း ပြောင်းရွှေ့သွယ်တန်းခြင်း ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ ညနေ (၀၅:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အေလာမြို့နှင့် သာဝတ္ထိမြို့ရှိ အစိုးရရုံးဌာနများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဓာတ်အားယာယီပြတ်တောက်နေမည် ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ အစိုးရရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

11-Jun-2026