The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မန်းဓာတ်အားပေးစက်ရုံတွင် Multifunction Meter များ အသစ်အစားထိုး လဲလှယ်တပ်ဆင်ရန် ယာယီဓာတ်အားပိတ်ဆောင်ရွက်ခြင်အား သတင်းထုတ်ပြန်ခြင်း

 

   မန်းဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင်တည်ရှိ ပြီး ၄င်းစက်ရုံကို Supervisory Control And Data Acquisition (SCADA) စနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်နေသော အခြေအနေများကို National Control Center (NCCနေပြည်တော်)မှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး ဓာတ်အားစနစ် ထိန်းချုပ်ကွပ်ကဲမှု ပိုမိုကောင်းမွန်စေရန်နှင့် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များကို အသစ်အစားထိုး လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစက်ရုံရှိ ၁၃၂/၃၃/၁၁ ကေဗွီ ၅၀ အမ်ဗွီအေ ထရန်စဖော်မာအား ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့ နံနက် (၀၈:၀၀)နာရီ မှ (၁၂:၀၀)နာရီ လည်းကောင်း၊   ၁၃၂/၆၆/၁၁ ကေဗွီ ၄၀ အမ်ဗွီအေ ထရန်စဖော်မာအား (၁၄:၀၀)နာရီမှ (၁၇:၀၀) နာရီအထိ လည်းကောင်း ယာယီဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

   ထိုသို့ လုပ်ငန်းများဆောင်ရွက်နေစဉ် မန်းဓာတ်အားပေးစက်ရုံမှ ၃၃ကေဗွီနှင့် ၁၁ကေဗွီ၊ ဓာတ်အားလိုင်းများဖြင့်  ဓာတ်အားဖြန့်ဖြူးပေးထားသော ပွင့်ဖြူမြို့၊ စလင်းမြို့၊ မင်းဘူးမြို့၊ မလွန်မြို့ ၊ မင်းလှမြို့၊ စကုမြို့၊ ငဖဲမြို့၊ ဆင်းဂေါင်းကျေးရွာများ၊ ထောက်ရှာပင်ရေနံမြေနှင့် မင်းဘူးဓာတ်ငွေ့ရည် စက်ရုံတို့တွင် ဓာတ်အားယာယီ ပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ဓာတ်အားသုံးစွဲသူ အများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြား ထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

13-Jun-2026