The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ ၂၃၀ ကေဗွီ Main Bus ကြိုးမှာ ကြိုးလွန်းပြတ်နေခြင်းသဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်ဆောင်ရွက်မည့်သတင်းအား အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

 

၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ Main ထရန်စဖော်မာများနှင့် Switchbay များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများနှင့် ဆက်စပ် ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ အစားထိုးလဲလှယ်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။   ယခုအခါ ၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ Main Bus ကြိုးမှာ ကြိုးလွန်း ပြတ်နေကြောင်း စိစစ်တွေ့ရှိရပါသဖြင့် အခြေအနေမဆိုးရွားမီ အစားထိုးလဲလှယ်ခြင်း ထိန်းသိမ်း ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းများတလျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချို့ယွင်း ကြွေသီးတွဲများ လဲလှယ်ခြင်းစသည့် လုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ အချိန် (၃)နာရီကြာခန့် ယာယီဓာတ်အားပိတ်၍ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၃။   ထိုသို့လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အချို့ မြို့/မြို့နယ်များ၊ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီဓာတ်အား ပြတ်တောက်နေ မည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူ များကို သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

19-Jun-2026