The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူး ရေးဖြေစာမေးပွဲ အောင်မြင်သူစာရင်းနှင့် လူတွေ့စစ်ဆေးမှုပြုလုပ်မည့် အစီအစဉ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

ကြော်ငြာစာအမှတ် ၃/၂၀၂၆

(၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ  ၁   ရက်)

အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူး ရေးဖြေစာမေးပွဲ အောင်မြင်သူစာရင်းနှင့် လူတွေ့စစ်ဆေးမှုပြုလုပ်မည့် အစီအစဉ်ကြေညာခြင်း

၁။           လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၁-၄-၂၀၂၆ ရက်စွဲပါ ကြော်ငြာစာအမှတ် (၁/၂၀၂၆)ဖြင့် ကြော်ငြာခေါ်ယူခဲ့သော အငယ်တန်းအင်ဂျင်နီယာ( ၂ )(လျှပ်စစ်/စက်မှု) (၁၅၅)နေရာ နှင့် အငယ်တန်းအင်ဂျင်နီယာ(၂)(မြို့ပြ)(၄)နေရာအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူစာရင်းအား ပူးတွဲပါဇယားအတိုင်းထုတ်ပြန်ကြေညာလိုက်သည်။

၂။            ရေးဖြေစာမေးပွဲအောင်မြင်သူများအား လူတွေ့စစ်ဆေးမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

              (က)    ပြုလုပ်မည့်နေ့                        

                        ၁၃-၇-၂၀၂၆ (တနင်္လာနေ့)         အမှတ်စဉ် ၁ မှ ၅၅ အထိ

                        ၁၄-၇-၂၀၂၆ (အင်္ဂါနေ့)              အမှတ်စဉ် ၅၆ မှ ၁၁၀ အထိ

                        ၁၅-၇-၂၀၂၆ (ဗုဒ္ဓဟူးနေ့)           အမှတ်စဉ် ၁၁၁ မှ ၁၆၅ အထိ

                        ၁၆-၇-၂၀၂၆ (ကြာသပနေးနေ့)   အမှတ်စဉ် ၁၆၆ မှ ၂၂၀ အထိ

                        ၁၇-၇-၂၀၂၆ (သောကြာနေ့)       အမှတ်စဉ် ၂၂၁ မှ ၂၇၃အထိ

              (ခ )    ပြုလုပ်မည့်အချိန်                     နံနက်(၀၉:၃၀) နာရီ

                                                                   ( ၀၈:၃၀နာရီ ရောက်ရှိသတင်းပို့ရန်)

              (ဂ )    ပြုလုပ်မည့်နေရာ                     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊       

                             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊

                             ရုံးအမှတ်(၂၇) ၊နေပြည်တော်

၃။           အသေးစိတ်သိရှိလိုပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရုံးအမှတ်( ၂၇ ) နေပြည်တော်(ဖုန်း၊ ၀၉-၉၄၆၃၈၆၉၂၂ ၊၀၉-၂၅၆၂၀၈၅၇၅ ၊၀၉-၆၆၄၀၅၃၅၃၁ )တို့သို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

01-Jul-2026