၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ ပင်မထရန်စဖော်မာများနှင့် Switchbay(ဆွဒ်ဘေး) များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်း များကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အား ဖြတ်ခလုတ် (Circuit Breaker) (B-Phase) မှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်နေသဖြင့် အရံပစ္စည်းများ ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါခွဲရုံရှိ ၃၃ ကေဗွီ Main Bus အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ ညနေ (၁၅:၀၀) နာရီမှ (၁၈:၀၀) နာရီအထိ အချိန်(၃) နာရီ ကြာခန့် ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့၊ မြစ်သားမြို့နှင့် ကူမဲမြို့တို့ရှိ ရပ်ကွက်နှင့်ကျေးရွာများ အချိန်(၃)နာရီကြာခန့် ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ပြီး၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန